DVB Logo
Home
မြန်မာသတင်း
ဖားကန့် လယ်ပြင်ဂိတ်၌ တရားမဝင် ကျောက်စိမ်းအရိုင်း ၃၄၇၀ ကီလိုခန့် ဖမ်းဆီးရမိ
DVB
·
August 27, 2020
ဖားကန့် လယ်ပြင်ဂိတ်၌ တရားမဝင် ကျောက်စိမ်းအရိုင်း ၃၄၇၀ ကီလိုခန့် ဖမ်းဆီးရမိ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့အထွက် လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဩဂုတ် ၂၆ ရက်က ဖားကန့်ကနေ ကားမိုင်းကို မောင်းလာတဲ့ Nissan ကားတစီးပေါ်ကနေ အလေးချိန် ၃၄၇၀  ကီလိုလောက်ရှိတဲ့ တရားမဝင်ကျောက်စိမ်းအရိုင်းတုံးတွေ ဖမ်းမိတယ်လို့ ဖားကန့်မြို့နယ်ရဲမှူး တင်ထွေးက ပြောပါတယ်။

ကားပေါ်မှာ တင်ဆောင်လာတဲ့ ဆီပေပါခွံ အလုံး ၆၀ ထဲကနေ ပေပါ ၁၂ လုံးလောက်မှာ အရွယ်စုံ ကျောက်စိမ်းအရိုင်းခဲတွေ တွေ့ရတာလို့ လုံးခင်းနယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

ဖမ်းဆီးအရေးယူခံရသူ ၃ ဦးကတော့ မန္တလေးမြို့က ယာဉ်မောင်းသန်းထိုက်အောင်၊ ယာဉ်နောက်လိုက် ခိုင်မင်းဦးနဲ့ ကုန်သည် ဦးကျော်မြတို့ ဖြစ်ကြပြီး ကျောက်စိမ်းအရိုင်းတုန်းတွေ မန္တလေးကို  သယ်ဆောင်လာတာလို့ သိရပါတယ်။

အဆိုပါ ၃ ဦးကို လုံးခင်းနယ်မြေရဲစခန်းမှာ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၅၁(က)၊ ၅၄ တို့နဲ့ အရေးယူပေးဖို့  လုံးခင်း-ဖားကန့်တူးဖော်ရေးဌာနက    အမှုဖွင့်ထားပါတယ်။

တရားစွဲထားတဲ့ အမှုတွေကတော့  ကျောက်စိမ်းရတနာလက်ဝယ်တွေ့ရှိမှု၊ တရားမဝင် သယ်ဆောင်မှုနဲ့ တရားမဝင်သယ်ဆောင်ခြင်းကို ကျူးလွန်အားပေးတွေဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အများဆုံး ၃ နှစ် ကျခံရနိုင်တယ်လို့ မြန်မာ့ ကျောက်မျက်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

သတင်း - စစ်ကိုနိုင်ထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013