DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကျောက်မျက်ရောင်းချပွဲ တန်ဖိုးမြင့်ထုတ်ကုန် အသားပေးလာ
DVB
·
June 17, 2013
မြန်မာ့ကျောက်မျက်ရောင်းချပွဲ တန်ဖိုးမြင့်ထုတ်ကုန် အသားပေးလာ
Donate to DVB

နေပြည်တော်မှာ အကြိမ် ၅၀ မြောက် ပြုလုပ်နေတဲ့ ကျောက်မျက်ရတနာရောင်းချပွဲကနေ နိုင်ငံခြားဝင်ငွေ ယူရို သန်း ၅၀၀ လောက် ရရှိမယ်လို့ မျှော်လင့်ထားကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံအဖို့ အီးယူက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားအပြီး ပထမဆုံးကျင်းပတဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲ ဖြစ်ပါတယ်။

[caption id="attachment_40697" align="alignleft" width="300" caption="၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ကျောက်မျက်ပြပွဲ"][/caption]

ကျောက်မျက်အရောင်းပွဲမှာ ကျောက်မျက်အတွဲပေါင်း ၁၀,၀၀၀ လောက် ရောင်းချသွားဖို့ ခင်းကျင်းထားတဲ့အပြင် ဈေးနှုန်းအရလည်း မှန်မှန်ကန်ကန်ရရှိဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အခုတကြိမ် ကျောက်မျက်ရတနာပွဲမှာ အရင်ကလို ကျောက်စိမ်းအရိုင်းတုံးတွေကိုသာ ဦးစားပေးအများဆုံး ရောင်းချတာမျိုး မဟုတ်တော့ဘဲ တန်ဖိုးမြင့်ထုတ်လုပ်ထားတွေကို ပိုပြီး ခင်းကျင်း ပြသထားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“အရင်တုန်းကတော့ ကျောက်ကို အရိုင်းတုံးတွေပဲ ရောင်းတာများတယ်။ အခုကျတော့ တန်ဖိုးမြင့် ထုတ်လုပ်ထားတဲ့ ပန်းပုရုပ်တုတို့၊ လက်ကောက်၊ လက်စွပ်တို့ ဒါမျိုးတွေ အများကြီး ရောင်းလာပါတယ်။ တင်ဒါရောင်းတဲ့နေရာမှာလည်း လက်ဝတ်ရတနာတွေ တင်ရောင်းဖို့ရှိပါတယ်။ ဒါကြောင့် ဘာပဲပြောပြော တန်ဖိုးမြင့်ထုတ်ကုန်ကို ပိုပြီး လုပ်လာကြပြီလို့ ပြောလို့ရပါတယ်”

လက်ရှိမှာတော့ ကျောက်မျက်ရတနာအရောင်းပွဲမှာ တရုတ်နိုင်ငံက ကုန်သည်တွေ အများဆုံး လာရောက်ကြတယ်လို့ ပြောပါတယ်။

“ဒီနှစ်လည်း များတာကတော့ တရုတ်ကုန်သည်တွေပါပဲ။ အနောက်နိုင်ငံတွေကတော့ အမေရိကန်အစိုးရရဲ့ ကျောက်မျက်အပေါ် စီးပွားရေးပိတ်ဆို့မှုရှိနေသေးတာကြောင့် ကျောက်စိမ်းဈေးကွက်က မပွင့်သေးတဲ့အတွက် လာပြီးတော့ လေ့လာတာမျိုးတော့ ရှိပါတယ်။ ဒါ့အပြင် ထိုင်း၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေက ရတနာကုန်သည်တွေ လဲလာရောက်မှုရှိပါတယ်။ သူတို့ကလည်း ဘယ်လိုဈေးကွက်ဝင်ရင် ကောင်းမလဲလို့ လာကြပါတယ်။”

အကြိမ် ၅၀ မြောက် မြန်မာ့ကျောက်မျက်ရတနာပွဲကို နေပြည်တော်မှာရှိတဲ့ မဏိရတနာ ကျောက်စိမ်းခန်မနဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ အခုလ ၁၅ ရက်နေ့ကစပြီး ၂၇ ရက်နေ့အထိ ကျင်းပနေတာပါ။ ၏

ပြပွဲမှာ ပြည်ပက ရတနာကုန်သည် ၃၉၂၆ ဦးနှင့် ပြည်တွင်းရတနာကုန်သည် ၄၇၄၇ ဦးတို့ ပါဝင်တက်ရောက်ကြတယ်လို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီရဲ့ စာရင်းအရ သိရပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာက ပြုလုပ်ခဲ့တဲ့ နေပြည်တော်ကျောက် မျက်ရတနာပြပွဲတုန်းက ကျောက်စိမ်း ၉,၁၅၇ တွဲ၊ ကျောက်မျက် ၂၇၃ တွဲနဲ့ ပုလဲ ၂၃၇ တွဲကို ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013