DVB Logo
Home
မြန်မာသတင်း
​တောင်ဒဂုံက ကိုဗစ်-၁၉ လူနာ စစ်တွေမှ ပြန်လာပြီးနောက် အနံ့မရသဖြင့် စစ်​ဆေးစဉ် ပိုး​တွေ့ခြင်းဖြစ် 
DVB
·
August 27, 2020
​တောင်ဒဂုံက ကိုဗစ်-၁၉ လူနာ စစ်တွေမှ ပြန်လာပြီးနောက် အနံ့မရသဖြင့် စစ်​ဆေးစဉ် ပိုး​တွေ့ခြင်းဖြစ် 
Donate to DVB

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီမနက်ထုတ်ပြန်တဲ့ ပိုး​တွေ့လူနာ ၆​ ယောက်ထဲမှာ ရခိုင်ပြည်နယ်က ပြန်လာတဲ့  ရန်ကုန် ဒဂုံမြို့သစ် (တောင်ပိုင်း)က   အမျိုးသမီး တစ်ယောက်လည်း ပါဝင်လာပါတယ်။ 

သူဟာ အနံ့မရလို့ ​တောင်ဒဂုံဖျားနာကု(အခမဲ့)​ဆေးခန်းကိုမ​နေ့က လာပြခဲ့​ကြောင်း သံသယ လက္ခဏာရှိ​နေတဲ့ ဒီလူနာကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရာက ဓာတ်ခွဲနမူရာယူစစ်​ဆေးရာက ​​ရောဂါပိုး​တွေ့ခဲ့တာလို့ ​တောင်ဒဂုံ ဖျားနာကု(အခမဲ့)​ဆေးခန်းတာဝန်ခံ ​ဒေါက်တာ​ဇော်လင်းဗိုလ်က ဒီဗွီဘီကို​ပြောပါတယ်။

လူနာအမှတ် ၅၈၄ အသက် ၃၇ နှစ်အရွယ် လူနာအမျိုးသမီးဟာ စစ်တွေကနေ ဩဂုတ် ၁၂ ရက်နေ့ကတည်းက ပြန်လာခဲ့ပြီး နေအိမ်မှာ သီးသန့်နေထိုင်ခဲ့ပြီးနောက် သူ့ကိုယ်သူ မသင်္ကာလို့ ဆေးခန်းကို ဆက်သွယ်လာရောက်ခဲ့တာလို့  ဆိုပါတယ်။ 

လက်ရှိ သူ​နေထိုင်ရာ ​​နေရာနဲ့ လမ်းအပါအဝင် သူနဲ့ထိ​တွေ့ခဲ့သူ​တွေကို မြို့နယ် ကိုဗစ်ကော်မတီက   စုံစမ်းစစ်​ဆေးတာ​တွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013