DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကေအန်ပီပီ စစ်ရေးကိစ္စ ဦးစားပေး ဆွေးနွေးမည်
DVB
·
June 17, 2013
အစိုးရနှင့် ကေအန်ပီပီ စစ်ရေးကိစ္စ ဦးစားပေး ဆွေးနွေးမည်
Donate to DVB

ပြည်ထောင်စုအဆင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ ကယားပြည်နယ်လွိုင်ကော်မှာ ဇွန် ၁၉ ရက်နေ့ ဆွေးနွေးကြတဲ့အခါ ခိုင်မာတဲ့သဘောတူညီချက် မရှိသေးတဲ့ စစ်ရေးကိစ္စကို ဦးစားပေးဆွေးနွေးမယ်လို့ ကေအန်ပီပီက ပြောဆိုပါတယ်။

[caption id="attachment_22268" align="alignleft" width="300" caption="မတ်လ ၇ ရက်နေ့က ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ လက်မှတ်ရေးထိုးခဲ့​စဉ်က"][/caption]

ကေအန်ပီပီ ဒု-ဥက္ကဋ္ဌ ခူးဦးရယ်က “ဒီတကြိမ်တွေ့ရင်တော့ မနှစ်က ဇွန်လ ၉ ရက်နေ့တုန်းက ရရှိခဲ့တဲ့ ၁၄ ချက်ကိုပဲ ကျနော်တို့က ထပ်မံပြီးတော့ အသေးစိတ်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ၁၄ ချက်ထဲမှာ အထူးသဖြင့် စစ်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ သဘောတူညီမှု တခုမှ မရှိသေးပါဘူး။ ဒါကြောင့်မို့ စစ်ရေးကိစ္စကို အခိုင်အမာ သဘောတူညီမှုရရှိဖို့အတွက် ဒီတကြိမ်ကိုတော့ ကျနော်တို့ ဦးစားပေးဆွေးနွေးမယ်" လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ် မတ် ၇ ရက်နေ့ ပြည်နယ်အဆင့်တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဇွန်လ ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုအဆင့်တွေ့ဆုံပွဲမှာ ကေအန်ပီပီဘက်က တင်ပြထားတဲ့ အချက် ၂၀ ထဲက ၁၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကေအန်ပီပီနဲ့ အစိုးရတပ်တွေအကြား အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးနောက် စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ဗီဇာပိတ်ဆို့မှုတွေ အားလုံးပယ်ဖျက်လိုက်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲလာမှုအပေါ် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုတွေ ရလာခဲ့ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေး ကြိုးပမ်းကြစဉ်ကာလအတောအတွင်း ကယားပြည်နယ်မှာ အစိုးရဘက်ကနေ စစ်ရေးလုပ်ရှားမှု ဆက်လုပ်ဆောင်နေတာဟာ  မဖြစ်သင့်ဘူးလို့ ခူးဦးရယ်က ပြောပါတယ်။

“ငြိမ်းချမ်းရေးကြိုးပမ်းကြစဉ်အတောအတွင်း အစိုးရဘက်က တပ်စခန်းအသစ်တွေ တည်ဆောက်တယ်။ တပ်စခန်းအဟောင်းတွေကိုလည်း မွမ်းမံတယ်။ ပြင်ဆင်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေက သူတို့ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးအပေါ် အခွင့်ကောင်းယူပြီးတော့ အားလုံး အမြတ်ထုတ်နေတာပဲပေါ့။ ကျနော်တို့ဘက်က ဘာတခုမှ အမြတ်မရှိပါဘူး။”

ကေအန်ပီပီနဲ့ စစ်အစိုးရတို့ဟာ ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ အချက် ၁၆ ချက်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပေမယ့် ၃ လခန့်အကြာမှာ သဘောတူညီမှု ပြန်ပျက်ပြားခဲ့ပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013