DVB Logo
Home
Lead Story
ပေါင်းစပ်မှုအသွင်သစ်(သို့)စန္ဒီမြင့်လွင်နှင့် စိုးသူစုံတွဲသီချင်း-“ဘယ်တော့များမှ အဆုံးမရှိ” (ရုပ်သံ)
DVB
·
August 27, 2020
ပေါင်းစပ်မှုအသွင်သစ်(သို့)စန္ဒီမြင့်လွင်နှင့် စိုးသူစုံတွဲသီချင်း-“ဘယ်တော့များမှ အဆုံးမရှိ” (ရုပ်သံ)
Donate to DVB

       တချိန်က နာမည်ကြီး အဆိုတော် သရုပ်ဆောင်မင်းသား စိုးသူရဲ့ သီချင်းတပုဒ်ကို ရက်ပ်စတားအဆိုတော် စန္ဒီမြင့်လွင်နဲ့အတူ ဗားရှင်းအသစ်ဖန်တီးသီဆိုဟန်နဲ့ ထွက်ရှိ လာခဲ့ပါတယ်။

       “ဘယ်တော့များမှ အဆုံးမရှိ”အမည်ရတဲ့ ဒီသီချင်းကိုတော့ တေးရေး တင်မောင်နီ၊ မိုးထက်(B+) တို့က ဖန်တီးရေးစပ်ပေးထားကြတာ ဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ဇာတ်လမ်းစတိုရီပုံစံ ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

       “ကြင်နာသူရယ်ဝေးသွားတဲ့ခဏမှာ… သံစဉ်ဟာ သီချင်းကလေးဖြစ်လာ… ရင်မှာ အမြဲ လွမ်းတတ်တဲ့အချစ်ကဗျာ… ကြင်နာသူနားဆင်လိုက်စမ်းပါ… အဖော်မဲ့သော နှလုံး သားလေးထဲမှာ… အချိန်တွေဟာ အချစ်စိတ်ဖြစ်လာ… ဘယ်လောက်ပဲ ဝေးလွင့်လိုက် စမ်းပါ… နေမဝင်ဘဲ ချစ်နေရဆဲပါ… အိုမင်းဟောင်းနွမ်းတဲ့သံယောဇဉ်… အချစ်များ မွေးဖွားဆဲပါ… ကိုယ်လေ သီချင်းများ ချစ်တတ်ခြင်းလို… ဘယ်တော့များမှ အဆုံးမရှိ နိုင်ဘူး… အချိန်တွေဟာ နှလုံးသားလေးထဲမှာ… ခိုင်မာသော သွေးစက်ဖြစ်လာ… ယုံ ကြည်ဆဲ နေ့သစ်တွေထဲမှာ… ကြင်နာသူအတွက် အသက်ရှင်နေဆဲပါ”

       အသက် ၅၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စိုးသူဟာ ဆရာဝန်တယောက်လည်းဖြစ်ပြီး သရုပ်ဆောင်မင်းသားတယောက်အနေနဲ့ရော၊ အဆိုတော်တယောက်အနေနဲ့ပါ အောင် မြင်ခဲ့သူပါ။

စိုးသူဟာ ၁၉၈၃ ခုနှစ်မှာ ဒါရိုက်တာ နီဝင်းထွန်းရိုက်ကူးပြီး သရုပ်ဆောင်မင်းသမီး ခိုင်ခင်ဦးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “မိုက်ကြွေးမိုက်ပြစ်”ရုပ်ရှင်ကားနဲ့ ပရိသတ်လက်ခံ အားပေးမှု ရရှိခဲ့ပြီး သရုပ်ဆောင်အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်း လာခဲ့တာ ဖြစ်ပါတယ်။

ဆယ်စုနှစ်နဲ့ချီ  ရာနဲ့ချီတဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စိုးသူဟာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုကို ၁၉၉၅ ခုနှစ်အတွက် “အောင်မြင်သောနေ့” ရုပ်ရှင်ကားနဲ့ ဆွတ်ခူး ရရှိခဲ့ပါတယ်။

တေးဂီတဘက်မှာတော့ သူ့ရဲ့ ပထမဆုံး တေးအယ်လ်ဘမ် “ရည်းစားလေးနဲ့ အ ချစ်ရဲ့ မှတ်တမ်း”ကို ၁၉၈၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး “မျက်နှာဖုံး”၊ “ရာသက်ပန်”၊ “အ ရိုင်းလေး”၊ “ဆယ်ကျော်သက်”၊ “ကြိုပါကွယ်”၊ “သက်ဆုံးတိုင်”၊ “ကိုယ့်နေ့သစ် များ”၊ “ကြည်ဖြူပါတော့ရာသက်ပန်”၊ “အမြတ်နိုးဆုံးမင်းအကြောင်းလေး”စတဲ့ တေးအယ်လ်ဘမ်တွေ အပါအဝင် စုစုပေါင်း ၁၁ ချပ် ထွက်ရှိခဲ့တာပါ။

       နောက်ပိုင်းမှာတော့ စိုးသူဟာ အနုပညာလောကနဲ့ ဝေးကွာနေတာ ဆယ်စုနှစ် ကျော် ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး မန္တလေးမှာရော၊ ရန်ကုန်မှာပါ  တကိုယ်တော် ဖျော်ဖြေပွဲတွေနဲ့အတူ အနုပညာလှုပ်ရှားမှု တွေ ပြန်လည်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

       “ကြင်နာသူရယ်… နှလုံးသားမှာ အုံ့မှိုင်းလို့ အနမ်းတွေသည်း… ထီးကလေးတ ချောင်းနဲ့ လျှောက်နေဆဲ… လမ်းတွေလည်း မြေသင်းရနံ့တွေပဲ… ကော်ဖီပူတခွက်နဲ့ အ ချမ်းပြေခဲ့… ဝေးစမ်းပါစေ မိုင်ပေါင်းကုဋေ… နေ့ရက်ကြာရှည် မဟောင်းပေ… မေ့ဖျက် မရတဲ့ သမိုင်းကြောင်းတွေ… မင်းအတွက် ငါလေ… ယနေ့တိုင်စောင့်နေ… အလွမ်းများ မဆုံးသရွေ့တော့ အသက်ရှင်မှာ”

စန္ဒီမြင့်လွင်ကတော့ ထူးခြားတဲ့ ရက်ပ်တေးသွားတွေနဲ့ ပရိသတ်တွေကို ဖမ်းစား နိုင်ခဲ့တဲ့ ဟစ်ဟော့ပ် အဆိုတော်တယောက်အဖြစ် ပရိသတ်တွေ သိထားခဲ့ကြပြီး ပထမ ဆုံးတကိုယ်တော်တေးအယ်လ်ဘမ်ဖြစ်တဲ့ “ဆေးရောင်လှလှခြယ်ရအောင်” တကိုယ် တော် တေးအဘ်လ်ဘမ်နဲ့ ပရိသတ်လက်ခံအားပေးမှုတွေ ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ "Queen" ၊ "ကလီယိုပါထရာ" ၊ "Papi" ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိ ထားခဲ့ပါတယ်။

“အနားနားရှိတဲ့အခိုက်”၊ “အာဖျံကွီး”၊ “ချစ်နေတုန်းပဲ”၊ “အသည်းနာ”စတဲ့ သီချင်း တွေဟာ သူ့ရဲ့ ထင်ရှားတဲ့ သီချင်းတွေဖြစ်ပြီး “ပျော်ပါစေ”အမည်ရတဲ့ သီချင်းကို Unplugged Version နဲ့ ထွက်ရှိထားခဲ့သလို သိပ်မကြာခင်ကလည်း အဆိုတော် အောင် လနဲ့ ထူးထူးခြားခြားစုံတွဲ သီဆိုထားခဲ့ကြတဲ့ “ချိန်ခွင်”အမည်ရတဲ့ သီချင်းတပုဒ်လည်း ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

ခုထွက်ရှိလာတဲ့ ပေါင်းစပ်မှုအသွင်သစ်နဲ့ “ဘယ်တော့များမှ အဆုံးမရှိ” သီချင်းထဲ မှာတော့ စန္ဒီမြင့်လွင်နဲ့ စိုးသူတို့ ၂ ယောက်ရဲ့ ဆန်းသစ်သီဆိုဟန်နဲ့အတူ ကြည်နူးစရာ ဇာတ်လမ်းစတိုရီပုံစံနဲ့ အချစ်ဇာတ်လမ်းတပုဒ်ကို ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ တရက်အတွင်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013