DVB Logo
Home
မြန်မာသတင်း
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပညာရေးနှင့်ကျန်းမာရေးဘတ်ဂျက်ကို ကျပ်သန်း ၂ သိန်းခန့် ပိုမိုခွင့်ပြု
DVB
·
August 26, 2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပညာရေးနှင့်ကျန်းမာရေးဘတ်ဂျက်ကို ကျပ်သန်း ၂ သိန်းခန့် ပိုမိုခွင့်ပြု
Donate to DVB

လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်တွေကို လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အသုံးစရိတ်တွေထက် ကျပ်သန်းပေါင်း ၂သိန်းနီးပါး ပိုပြီး ဩဂုတ်လ ၂၆ ရက်နေ့  ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးလိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် သာမန်သုံးငွေအဖြစ် ကျပ်သန်း ၂၀၈၅၃၃၉  ဒသမ ၈၄၁ သန်းတောင်းခံထားရာကနေ ကျပ်သန်း ၁၂၅၁၅ ဒသမ ၄၈၂ကို ပြည်ထောင်စုလွှတ်တော်က လျှော့ပေါ့ခွင့်ပြုပေးခဲ့တာဖြစ်သလို ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်း ၈၀၃၂၃၃ ဒသမ ၁၀၁ သန်းကနေ ကျပ်သန်း ၉၄၆၁ ဒသမ ၇၀၂ သန်း လျှော့ပေါ့ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ 

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်း သာမန်အသုံးစရိတ်အတွက်တောင်းခံထားတဲ့ ကျပ်သန်း ၈၇၉၄၆၆ ဒသမ ၈၅၈ သန်းကနေ ကျပ် ၈၁ ဒသမ ၈၅၁ သန်းနဲ့ ငွေလုံးငွေရင်း အသုံးစရိတ် တောင်းခံငွေ ကျပ်သန်း ၅၄၂၄၇၈ ဒသမ ၁၄၃ သန်းကနေ ကျပ်သန်း ၂၇၂၄ ဒသမ ၄၁၄ သန်းတို့ကို ပြည်ထောင်စုလွှတ်တော်က လျှော့ပေါ့ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒီလို လျှော့ပေါ့ခွင့်ပြုပေးဖို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ပညာရေးဝန်ကြီးနဲ့ ကျန်းမာရေးနဲ့ အားကစားဒုဝန်ကြီးတို့ကလည်း သဘောတူခဲ့တာပါ။ ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ခံယူရာမှာလည်း ကန့်ကွက်သူ မရှိခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်က လျှော့ပေါ့ခွင့်ပြုအပြီးကို လာမယ့်နှစ်အတွက် သာမန်အသုံးစရိတ် ကျပ်သန်း ၂၀၇၂၈၂၄ ဒသမ ၃၆ ရရှိမှာဖြစ်ပြီး ငွေလုံးငွေရင်းက ကျပ်သန်း ၇၉၃၇၇၁ ဒသမ ၃၉၉ ရရှိမှာပါ။ ကျန်းမာရေးဝန်ကြီးဌာနကတော့ သာမန်အသုံးစရိတ် ကျပ်သန်း ၈၇၉၃၈၅ ဒသ ၀၀၇ နဲ့ ငွေလုံးငွေရင်း သုံးငွေ ကျပ်သန်း ၅၃၉၇၅၃ ဒသမ ၇၂၉ ရရှိမှာပါ။

ပြည်ထောင်စုလွှတ်တော်က လျှော့ပေါ့ခွင့်ပြုပေးလိုက်တယ်ဆိုပေမယ့်လည်း ပညာရေး ဝန်ကြီးဌာနရဲ့ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သာမန်သုံးငွေ ကျပ်ငွေသန်း ၁၉၂၂၄၀၀ ဒသမ ၇၉၅ ထက် ပိုမိုရရှိခဲ့သလို ငွေလုံးငွေရင်းသုံးငွေမှာလည်း အခုနှစ် သုံးငွေ ကျပ်ငွေသန်း ၇၅၄၉၃၄ ဒသမ ၀၂၂ ထက် အနည်းငယ် ပိုမိုရရှိလာတာပါ။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ ၂၀၁၉-၂၀၂၀ အတွက် သာမန်သုံးငွေမှာ ကျပ်သန်း ၇၀၂၆၆၉ ဒသမ ၄၆၁ ရရှိခဲ့ပြီး ငွေလုံးငွေရင်းမှာတော့ ကျပ်သန်း ၄၆၄၃၇၄ ဒသမ ၂၅၄ သာရရှိထားခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လ ၂၆ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းရဲ့ ဥပဒေအကြောင်းအရာတွေ၊ ရငွေသုံးငွေတွေနဲ့ စပ်လျဉ်းပြီး တစ်ပိုဒ်ချင်းဆီအလိုက်အတည်ပြုဖို့ အဆိုတင်သွင်းခဲ့ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တွေက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခြင်းတွေကို ဆောင်ရွက်ခဲ့ရာမှာ ပညာရေးဝန်ကြီး ဌာနနဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနတို့ရဲ့ လာမယ့်နှစ်အသုံးစရိတ်တွေကို အတည်ပြုတာ တွေလည်း  ပါဝင်ခဲ့တာပါ။

သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013