DVB Logo
Home
မြန်မာသတင်း
မြန်မာတနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ရက်အကန့်အသတ်မရှိ  ယာယီပိတ်
DVB
·
August 26, 2020
မြန်မာတနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ရက်အကန့်အသတ်မရှိ  ယာယီပိတ်
Donate to DVB

အခုလက်ရှိဖွင့်ထားတဲ့ မြန်မာတနိုင်ငံလုံးက အခြေခံပညာစာသင်ကျောင်းပေါင်း  ၆၅၀၀ ကျော်ကို  ဩဂုတ်  ၂၇ ရက်ကစပြီး ယာယီပိတ်လိုက်တယ်လို့  အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ  အခြေခံပညာအထက်တန်းကျောင်းပေါင်း ၇၁၇၃ ကျောင်းရှိတဲ့အထဲက အေ အဆင့်ရတဲ့ ကျောင်း ၆၅၂၂  ကျောင်းကို  ပြန်လည် ဖွင့်ခွင့်ပြုထားရာကနေ  ခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း အရှိန်မြင့်နေတဲ့ အခြေအနေမှာ ကျောင်းတွေပြန်ပိတ်လိုက်တာပါ။

ကိုဗစ်-၁၉ ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်ကြောင့် ပြည်နယ်တိုင်းမှာရှိတဲ့ ကျောင်းတွေကို အကြောင်းကြားထားပြီး ဩဂုတ် ၂၇ ရက်နေ့ကစပြီး ဖွင့်လှစ်ထားတဲ့ကျောင်းအားလုံးကို ရက် အကန့်အသတ်မရှိ ယာယီပိတ်သိမ်းမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ 

မီဒီယာတချို့မှာ ပျံ့နှံ့နေတဲ့  ဒဂုံ ၁  ကျောင်းက ဆယ်တန်း ကျောင်းသားကိစ္စနဲ့ပတ်သက်လို့  အဆိုပါကျောင်းသားဟာ အုပ်စု C မှာ ပါတာ‌ကြောင့် သီတင်းနှစ်ပတ်မှာမှ  ကလေးတိုင်းက ၃ ရက်ပဲ ကျောင်းတက်ရတာဖြစ်ပြီး လက်ရှိမှာ‌တော့ ကလေးကအိမ်မှာပဲ home stay နေကာ စာလုပ်နေတယ်လို့  ကျောင်းအုပ်ဆရာကြီး ဦးသန်းနိုင်ကပြောပါတယ်။

မြန်မာတနိုင်ငံလုံးကအခြေခံပညာ အတက်တန်းကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်တာဟာအခုဆိုရင် တလကျော် လောက်ပဲရှိပါတယ်။

အခြေခံပညာအစိုးရ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးပညာ သင်ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းအားလုံးကို ယာယီ အကန့် အသတ်မရှိပိတ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ကိုဗစ်ကော်မတီရဲ့လမ်းညွှန်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

သတင်း - ခင်ငြိမ်းချမ်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013