DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာက ပိုး​တွေ့သင်္ဘောသားအိမ်ကို တ/ဥအထက (၃)က  အထက်တန်း​ကျောင်းသား ၁ ဦး အလည်သွားခဲ့သည့် ရာဇဝင်ရှိ​နေ
DVB
·
August 26, 2020
တောင်ဥက္ကလာက ပိုး​တွေ့သင်္ဘောသားအိမ်ကို တ/ဥအထက (၃)က  အထက်တန်း​ကျောင်းသား ၁ ဦး အလည်သွားခဲ့သည့် ရာဇဝင်ရှိ​နေ
Donate to DVB

မ​နေ့ည ၁၂ နာရီ​ကျော်က ​တောင်ဥက္ကလာပမြို့နယ် မာဃ ၆ လမ်း​နေ ကိုဗစ်-၁၉ ပိုး​တွေ့လူနာအိမ်ကို အလည်လာ​လေ့ရှိတဲ့ ​တောင်ဥက္ကလာပမြို့နယ် အထက(၃)မှာ ပညာသင်​နေတဲ့ ​အထက်တန်း​ကျောင်းသားတစ်​ယောက်ကို ​ခေါ်ယူ​တွေ့ဆုံ​မေးမြန်း​နေ​ကြောင်း ရန်ကုန်တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦးမိုးမြင့်က​ ပြောပါတယ်။

"အဲဒီကလေးက  ​ဆွေမျိုးမကင်း​တော့ သူ့အိမ်ခဏခဏသွားလည်တာ​တွေရှိတယ်။ သူနဲ့ထိ​တွေ့သူ​တွေ​တော့ ဆက်စုံစမ်း​နေတုန်းပဲ။"လို့ သူက ​ပြောပါတယ်။

 အသက် ၃၀ ​ကျော်အရွယ်ရှိ သင်္ဘောသားဟာ လွန်ခဲ့တဲ့ ၂နှစ်​လောက်က သင်္ဘောတက်ပြီး ပြန်လာပြီး​နောက်  နောက်တ​ခေါက်သင်္ဘောတက်ဖို့ ​ဆေးစစ်ခဲ့တာဖြစ်တယ်လို့ တောင်ဥက္ကလာပ မြို့နယ် ဒုမြို့နယ်အုပ်ချုပ်​ရေးမှူး  ဦးတင့်လွင်က ​ပြောပါတယ်။

"သင်္ဘောတက်ဖို့ဆိုပြီး သူ့ဘာသာသွားစစ်တာ။ သွားစစ်တဲ့ ​နေရာက​နေ ကျန်းမာ​ရေးကို အ​ကြောင်းကြားတာဖြစ်မယ်။ ကျနော်တို့  သွားတဲ့အချိန် သူမသိ​ဘူး။ တိုင်းကျန်းမာ​ရေးက မြို့နယ်ကို အ​ကြောင်းကြား၊ မြို့နယ်က​နေ ချိတ်ဆက်ပြီး ညတွင်းချင်းပို့ပါဆိုလို့ ည ၁၂နာရီ ၄၅ မိနစ်မှာ တိုင်း/ကျန်းက ကား​ရောက်လာလို့ ​ဝေဘာဂီကို ပို့လိုက်တာပါ။"လို့ ပြောပါတယ်။

သူ​နေထိုင်တဲ့ အိမ်အပါအဝင် လမ်းကိုလည်း လတ်တ​လော  လော့​ဒေါင်းချထားပြီး ပိုးသတ် ဆေးဖျန်းတာ​တွေလည်း လုပ်ထားကာ သူ့မိသားစုဝင်​တွေကိုလည်း ကွာရတင်းစင်တာပို့ဖို့ စီစဉ်နေ ပါတယ်။

သူနဲ့ပတ်သက်ပြီး အ​သေးစိတ်ကိုဆက်စုံစမ်း​နေဆဲဖြစ်ပြီး၊ အ​​ဖြေက​တော့ ​ပေါ့စတစ်ဖြစ်​တယ်လို့ ကျန်းမာ​ရေးဌာန တာဝန်ရှိသူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013