DVB Logo
Home
မြန်မာသတင်း
ပရိသတ်အချစ်တော် မင်းသားခါရာ ပရိသတ် ၃၀ နှင့် အွန်လိုင်းတွေ့ဆုံပွဲ ပြုလုပ်မည်
DVB
·
August 26, 2020
ပရိသတ်အချစ်တော် မင်းသားခါရာ ပရိသတ် ၃၀ နှင့် အွန်လိုင်းတွေ့ဆုံပွဲ ပြုလုပ်မည်
Donate to DVB

       နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ သရုပ်ဆောင်မင်းသား ခါရာက ကိုဗစ်ကာလမှာ လူချင်းမတွေ့ဆုံနိုင်ပေမယ့် အွန်လိုင်းပေါ်ကတဆင့် ပရိသတ်တွေနဲ့ Online Fan Meeting ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

       ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခါရာက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလို ရေးသားမျှဝေထားခဲ့တာ ဖြစ်ပါတယ်။

       “ကျနော့် Live မှာ ကြေညာခဲ့တဲ့အတိုင်း အခု Exclusive Online Fan Meeting အ တွက် Official Announcement လေး ထုတ်ပေးလိုက်ပါပြီခင်ဗျာ။ 💓💓 … တဦးနဲ့တဦး တွေ့ဆုံစကားပြောဖို့ ခက်ခဲကြတဲ့ဒီကာလမှာ Fan Meeting တစ်ခုစီစဉ်ဖို့ ဘယ်လိုမှ မ ဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျနော့်ရဲ့ Kharreans တွေ၊ ပရိသတ်တွေနဲ့ တွေ့ဆုံချင်လွန်းလို့ Online Fan Meeting ကို မဖြစ်ဖြစ်အောင် စီစဉ်ခဲ့ပါတယ်”

       ဒီတွေ့ဆုံပွဲကိုတော့ လာမယ့် ဩဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီမှာ Zoom Meeting ကတဆင့် ပြုလုပ်သွားမှာဖြစ်ပြီး ပရိသတ်အယောက် ၃၀ ကိုသာ ရွေးချယ်သွား မှာလို့ ဆိုပါတယ်။

       ခါရာကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအနေနဲ့ ဒီတွေ့ဆုံပွဲမှာ ပါဝင်ချင်တယ် ဆိုရင်တော့ ဖော်ပြပါ ဂူဂဲလ်လင့်ခ် https://docs.google.com/forms/d/e/1FAIpQLSehLlpYtYGg2Q4q40l1B0M4QpCoBNbD6pVMhkyLYXdgc2o1cw/viewform ကနေ Google Form ကိုအပြည့်အစုံဖြည့်ပြီး Submit လုပ်ပြီး ပါဝင်နိုင်မှာ ဖြစ်ကာ အရင်ဆုံးတင်တဲ့ ပရိသတ်အယောက် ၃၀ ကို ရွေးချယ်တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

       အသက် ၂၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ခါရာဟာ မိုးကုတ်မြို့ဇာတိဖြစ်ပြီး ၂၀၁၃ ခု နှစ်မှာ မော်ဒယ်လ်တယောက်အနေနဲ့ အနုပညာလောကထဲ ရောက်ရှိလာခဲ့သူဖြစ်ပါ တယ်။

       အဲဒီနောက် ၂၀၁၄ ခုနှစ်မှာတော့ Mr. Asia Myanmar ဆုကို ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဟောင်ကောင်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး  2nd runner-up  ဆုနဲ့ အတူ  တခြား Title Award တွေဖြစ်တဲ့ Mister Viewer's Choice Award ၊ Mister Gorgeous ၊ Mister Charismatic နဲ့ Missosology Top Favourite Award တွေ ရရှိခဲ့ တာပါ။

       မော်ဒယ်အလုပ်အပြင် ဂီတ၊ သရုပ်ဆောင်အနုပညာအလုပ်တွေမှာလည်း ဝါသနာ ပါတဲ့ ခါရာက ၂၀၁၆ ခုနှစ်မှာတော့ မိန်းကလေးအဆိုရှင်တယောက်ဖြစ်တဲ့ နိုရာကိုနဲ့ “က လိမ်ကကျစ်”အမည်နဲ့ စုံတွဲတေးအယ်လ်ဘမ်တချပ် ထွက်ရှိခဲ့ဖူးပါတယ်။

       ၂၀၁၇ ခုနှစ်မှာတော့ ခါရာဟာ သရုပ်ဆောင်မင်းသမီး သဉ္ဇာနွယ်ဝင်းနဲ့ တွဲဖက်ကာ “တိုက်ဆိုင်မှု”ဇာတ်ကားနဲ့ စတင်ပြီး သရုပ်ဆောင်အနုပညာလမ်းကြောင်းပေါ် ဆက် လက်လျှောက်လှမ်းခဲ့ပြန်ပါတယ်။

       အဲဒီနောက် တခြားရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကာ ၂၀၁၈ ခုနှစ် ကတော့ ခါရာကို ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးတဲ့ “မျက်နှာပြင်များ”ရုပ်ရှင်နဲ့ ပရိသတ် တွေ ပိုမိုအားပေးမှုတွေ ရရှိလာခဲ့တာ ဖြစ်ပါတယ်။

       ခါရာပါဝင်သရုပ်ဆောင်ခဲ့တဲ့ “အဆိပ်ရှိလူရိုင်း” ၊ “မြို့ပြမုဆိုးများ” စတဲ့ ရုပ်ရှင်ကား ကြီးတွေမှာတော့ တမူထူးခြားတဲ့ အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ပရိသတ် တွေက သတိပြုမိခဲ့ကြတာပါ။

       နောက်ပြီး နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ “မနေ့ကဖြစ်သည်” ၊ “လိပ်ပြာ” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့ကာ လတ်တလောမှာတော့ ခါရာနဲ့ မြတ်နိုးအေးတို့ ပါဝင်ထားကြတဲ့ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲကိုလည်း ထုတ်လွှင့် နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013