DVB Logo
Home
အာရှဒေသ
အိမ်ထောင်ရေးအဆင်မပြေတဲ့ ပါကစ္စတန်အမျိုးသမီးတွေ
DVB
·
June 17, 2013
အိမ်ထောင်ရေးအဆင်မပြေတဲ့ ပါကစ္စတန်အမျိုးသမီးတွေ
Donate to DVB

မာဆို မာဆာရခန်ရဲ့ အသက်က ၂၂ နှစ်ပါ။

"အိမ်ထောင်ကျသွားတာက မိဘတွေ ပေးစားတာလည်းမဟုတ်ဘူး။ ကိုယ့်စိတ်ကြိုက် အိမ်ထောင်ပြုတာလည်း မဟုတ်ဘူး။  ကျမကို အရုပ်တရုပ်လိုပဲ ရောင်းလိုက်တာပါ။"

သူ့မိဘတွေက သူ့ကို အမေရိကန်ဒေါ်လာ ၂၅၀ နဲ့ ရောင်းခဲ့တာာပါ။ ၉ နှစ်ကြာတဲ့အခါ မှာတော့ လင်မယားပြတ်စဲဖို့ လျှောက်ထားရင်းနဲ့ ရုံးတော်ကို ရောက်နေပြန်ပါတယ်။ သူ့လိုပဲ လင်မယားပြတ်စဲလိုကြောင်း လျှောက်ထားတဲ့အမှုတွေ ပါကစ္စတန်နိုင်ငံမှာ တစထက်တစ ပိုများလာပါတယ်။

ပါကစ္စတန်မှာ အိမ်ထောင်ကွဲတာဟာ လူတိုင်းမလုပ်ချင်တဲ့ ကိစ္စပါပဲ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေဟာ တခုလပ်ဘ၀ကို ရွေးချယ်လေ့မရှိပါဘူး။ အခုတော့ အိမ်ထောင်ကွဲဖို့ လျှောက်ထားတဲ့အမှုတွေ ပိုများလာပါတယ်။ မနှစ်တုန်းက ပတ်ရှဝါမြို့က တရားရုံးမှာ အမှုပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ ၁၉၉၈ ခုနှစ်တုန်းက အမှုပေါင်း ၈၀ ပဲ ရှိခဲ့တာပါ။

မာဆို မာဆာရခန်ရဲ့ အိမ်ထောင်ကွဲလိုကြောင်း ရုံးတော်မှာ မလျှောက်ထားခင်မှာ သူ့ရဲ့ ခယ်အို သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ပါသေတယ်။ အဲဒီအချိန်ကစလို့ သူ့ဘ၀လည်း ခက်ခဲလာတယ်လို့ မာဆို မာဆာရခန်က ပြောပြပါတယ်။

"သူတို့ တအိမ်တည်းမှာ ဘယ်လိုလုပ်နေမှာလဲ။ ကျမရဲ့ မိဘတွေကလည်း ယောက်ျားအိမ် ကနေ သူတို့အိမ် သွားတာကို မကြိုက်ဘူး။ အိမ်ငှားတော့လည်း မိန်းမသားတယောက်တည်း ဆိုပြီးတော့ ဘယ်သူမှ အိမ်မငှားချင်ကြဘူး။"

ဒီလိုနဲ့ သူ့ သူငယ်ချင်းရဲ့မိသားစုနဲ့နေပြီး ပတ်ရှဝါမြို့မှာ အလှပြင်ဆိုင်တဆိုင်မှာ အလုပ်ရပါတယ်။ ရှေးရိုးစွဲ ပက်ရှ်တွန်အသိုင်းအ၀ိုင်းမှာ အိမ်ထောင်ကွဲဖို့ တောင်းဆိုတဲ့သမီးတွေကို မိသားစုသိက္ခာကျအောင် လုပ်တယ်လို့ သတ်မှတ်ကြပါတယ်။ နောက်ပိုင်းမှာ ပြဿနာတွေ ကြီးထွားလာတဲ့အခါ အိမ်ထောင်ကွဲဖို့ တောင်းဆိုတဲ့ အမျိုးသမီးတွေဟာ ခြိမ်းခြောက်ခံရပါတယ်၊ တချို့က အသတ်ခံရပါတယ်။

မနှစ်တုန်းက ထင်ရှားတဲ့ ပက်ရှ်တွန်အဆိုတော် ဂါဇလာ ဂျာဗစ်ကို သူရဲ့ခင်ပွန်းဟောင်းက သေနတ်နဲ့ ပစ်သတ်တဲ့အမှု ပေါ်ပေါက်ခဲ့ပါတယ်။ အမှန်က သူ့ရဲ့ခင်ပွန်းမှာ မိန်းမကြီး ရှိနှင့်နေတာကို နောက်ကျမှ သိတဲ့အတွက် ဂျာဗစ်က အိမ်ထောင်ကွဲဖို့ တောင်းဆိုခဲ့တာပါ။ သမီး အသတ်ခံရတဲ့အတွက် ဂျာဗစ်ရဲ့ မိခင်မှာ ပူဆွေးနေတုန်းပါပဲ။ ဥပဒေအရ တရားမျှတမှုကိုလည်း စောင့်နေရတုန်းပါပဲ။

ဒီလိုပဲ မာဆို မာဆာရခန်ရဲ့အမှုကလည်း မပြတ်သေးပါဘူး၊ အမှုက လောလောဆယ်မှာ ပတ်ရှဝါမြို့က အထက်တရားရုံးကို ရောက်နေပါတယ်။ ရှေ့နေ အမ်းစလင်းခန်က လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အိမ်ထောင်ကွဲချင်လို့ ရုံးတင်တဲ့ အမှုပေါင်း ၂ ဆလောက် ပိုများလာတယ်လို့ ပြောပါတယ်။

"ဆင်းရဲမှု၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုနဲ့ အမျိုးသမီးအခွင့်အရေးတွေကို နားလည်လာကြတာက အဓိက အကြောင်းတွေပေါ့။ အကြမ်းဖက်ခံရ၊ အိမ်ထောင်ရှင်မအခွင့်အရေး ချိုးဖောက်ခံရရင် အိမ်ထောင်ကွဲခွင့် အတွက် လျှောက်ထားနိုင်တယ်ဆိုတာကို မီဒီယာတွေကတဆင့် သိလာတာပေါ့။ ဒါကြောင့် တရားရုံးကို ရောက်လာကြတယ်။"

ဂျအမ်မီယာ ဒါဝိတ်ဆိုတဲ့ အစ္စလာမ်ကျောင်းဟာ အစ္စလာမ်ဘာသာအဆုံးအမတွေကို သင်ကြားပြသရာဌာန ဖြစ်ပါတယ်။ ကျောင်းမှာ အဓိက မေးမြန်းဆွေးနွေးကြတဲ့ အကြောင်း တွေထဲမှာ ၄၀ ရာခိုင်နှုန်းက အိမ်ထောင်ကွဲတာနဲ့ ပတ်သက်ပါတယ်၊ အဆုံးအမ နာယူဖို့ လာကြသူတွေထဲမှာ အမျိုးသမီးတွေလည်း တော်တော်များများ ပါဝင်နေပါတယ်။

"အိမ်ထောင်ကွဲတာက လူ့အဖွဲ့အစည်းကို လုံးဝ ဖျက်စီးစေတဲ့အကြောင်းပဲ" လို့ ဒေသက အစ္စလာမ်မစ်ဘာသာကျွမ်းကျင်သူ မုဖတီ အက်ဗဒူ ကာဒါက ပြောပါတယ်။

"ဒါကြောင့် တရားဝင်ပဲ ဆိုဆို၊ အစၥလာမ္ဘာသာက အားမေပးပါဘူး။'

အစၥလာမ္ဘာသာမွာ လင်မယားကွဲတာထက် ပြန်လည်ပေါင်းထုပ်သွားတာမျိုးကိုပဲ အားပေးတယ်လို့ မုဖတီ အက်ဗဒူ ကာဒါက ပြောပါတယ်၊

အမျိုးသမီးအခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ အူးရတ် ဖောင်ဒေးရှင်း (Aurat Foundation)ရဲ့ အဆိုအရ မနှစ်တုန်းက အိမ်ထောင်ကွဲဖို့  တောင်းဆိုတဲ့ အမျိုးသမီးတွေအပါအ၀င် အိမ်တွင်းအကြမ်းဖက်မှုအတွင်းမှာ အမျိုးသမီး ၈ ထောင်ကျော် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဖွဲ့ရဲ့ညွန်ကြားရေးမှူး ရှာဘီနာ အရစ်က "အကြမ်းဖက်တာကိုတော့ သည်းခံဖို့ မသင့်ပါဘူး။ ကျမတို့ အသိုက်အ၀ိုင်းနဲ့ ဓလေ့ထုံးတမ်းမှာ မိန်းကလေးဆိုတာ တကြိမ်အိမ်ထောင်ပြုပြီး တသက်လုံး မြဲရမယ်ဆိုတဲ့ အယူအဆက မှားယွင်တယ်" လို့ ပြောပါတယ်။

တရားရုံးမှာ တနေ့လုံး အမှုရင်ဆိုင်နေရတဲ့ ခန်ကတော့ သူ့ယောက်ျားဆီကနေ ကလေးစရိတ်နဲ့ နစ်နာကြေးတွေကို မမျှော်ကိုးဘူးလို့ ပြောပါတယ်။ အမှုကို မြန်မြန် ပြီးသွားစေချင်နေပါတယ်။ တချိန်တည်းမှာ သူ့ရဲ့လုံခြုံရေးအတွက်လည်း စိုးရိမ်နေရပါတယ်။

"အိမ်မှာနေလည်း တယောက်ယောက်က လာသတ်မှာကို ကြောက်နေရတယ်။ လမ်းထွက်တော့လည်း တယောက်ယောက်က အက်ဆစ်နဲ့ ပက်သွားမှာကို ကြောက်နေရတယ်။"

(Pakistani Women Turning to Divorce by Mudassar Shah, Peshwar, Pakistan)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013