DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဒေါ်လာ ၂၅ သန်း ထုတ်ချေးရန် AGD ဘဏ်နှင့် Pact Global တို့ လက်မှတ်ထိုး
DVB
·
August 26, 2020
စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဒေါ်လာ ၂၅ သန်း ထုတ်ချေးရန် AGD ဘဏ်နှင့် Pact Global တို့ လက်မှတ်ထိုး
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ သန်း ချေးငွေပေးဖို့ AGD ဘဏ်နဲ့အသေးစားချေးငွေလုပ်ငန်းဖြစ်တဲ့ Pact Global Microfinance Fund တို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီချေးငွေဟာ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေက စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာစေဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

AGD ဘဏ်ရဲ့ စီးပွားရေးဆိုင်ရာအရာရှိချုပ် ဦးပြည်စိုးထင်က “ AGD ဘဏ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်ရဲ့စိုက်ပျိုးရေးကဏ္ဍအနာဂတ်အတွက် အရေးပါတဲ့  ရေရှည်အကျိုးဖြစ်ထွန်းနိုင်မယ့် banking အခြေခံအဆောက်အဦတစ်ခု ပေးနိုင်ဖို့ပါပဲ။"လို့  ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အခုထုတ်ချေးမယ့် မြန်မာကျပ်ငွေ ၃၅ ဘီလီယံနဲ့ ညီမျှတဲ့  အမေရိကန်ဒေါ်လာ ၂၅ သန်းကနေ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ထောင်စု ပေါင်း ၆၈၀၀၀  ဝန်းကျင်ကို အသေးစားချေးငွေတွေ ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

PGMF ရဲ့ ဥက္ကဋ္ဌ မစ္စတာ ဖာမစ် Fahmid Bhuiya ကလည်း “ခုလိုလက်မှတ်ရေးထိုးတဲ့အချိန်က တကယ့်ကို အရေးပါတဲ့အချိန်ကောင်းပါပဲ။ ခုချိန်က ကိုဗစ်-၁၉  ကြောင့် ကမ္ဘာ့စီးပွားရေးမှာ သက်ရောက်မှုရှိပြီး နိုင်ငံခြားငွေလဲလှယ်ရေးမှာလည်း တော်တော်လေး စိန်ခေါ်မှုများနေတဲ့အချိန်ဖြစ်ပါတယ်။ ခု သဘောတူထားတဲ့ အမေရိကန်ဒေါ်လာ ၂၅  သန်းကနေတဆင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေဆီက အမေရိကန်ဒေါ်လာအရင်းအနှီးတွေကို သယ်ဆောင်လာနိုင်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုပေါင်း ၆၈၀၀၀ (ခန့်မှန်းခြေ) လောက်ကို  အသေးစားချေးငွေဝန်ဆောင်မှုတွေပေးနိုင်မှာဖြစ်တယ်”လို့ ပြောပါတယ်။

Pact Global Microfinance Fund (PGMF) ဟာ ၁၉၉၇ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံကျေးလက်ဒေသတွေရှိ  လူမှုအဖွဲ့အစည်းတွေကို ချေးငွေထုတ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

သတင်း - စိုးချစ်ချစ်ပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013