DVB Logo
Home
အားကစား
အဆိုးမြင်စိတ်များ ဖယ်ရှားကြရန် စပါးနည်းပြ တိုက်တွန်း
DVB
·
May 2, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ စပါးအသင်းအနေနဲ့ အဆိုးမြင်စိတ်တွေကို ဖယ်ရှား ပစ်ဖို့ နည်းပြ ရောဘတ်တိုဒီဇာဘီက ကစားသမားတွေနဲ့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဝုဗ်ကိုနိုင်ပြီး ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးနိုင်ပွဲ ရခဲ့ပေမဲ့ စပါးအသင်းဟာ အဆင့် ၁၇ က ဝက်စ်ဟမ်းနဲ့ ၂ မှတ်အကွာ တန်းဆင်းဇုန်ထဲမှာ ရှိနေဆဲပါ။

၁၉၇၇ နောက်ပိုင်း ပထမဆုံးအကြိမ် တန်းဆင်းရမဲ့အန္တရာယ်ကနေ လွတ်မြောက်ဖို့ လက်ကျန် ၄ ပွဲမှာ အက်စတွန်ဗီလာ၊ လိဒ်စ်၊ ချယ်လ်ဆီး၊ အဲဗာတန်တို့နဲ့ အကြိတ်အနယ် ကစားရမှာ ဖြစ်ပါတယ်။

ကစားသမား ဒဏ်ရာရတာ၊ ကွင်းမကောင်းတာ စတဲ့ အဆိုးမြင်စိတ်တွေက အကြီးမားဆုံး ရန်သူ ဖြစ်နေပြီး ရှုံးတဲ့သူတွေကသာ ငိုကြွေးတတ်လို့ ကွင်းထဲမှာ အသေခံ တိုက်ပွဲဝင်သွားရမယ်လို့ အက်စတွန်ဗီလာနဲ့ပွဲ မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ နည်းပြက ပြောပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013