DVB Logo
Home
မြန်မာသတင်း
ကျောင်းသားဗဟိုပြုပညာရေးစနစ် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
DVB
·
June 17, 2013
ကျောင်းသားဗဟိုပြုပညာရေးစနစ် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
1 / 2
Donate to DVB

ကျောင်းသားဗဟိုပြုပညာရေးစနစ်နဲ့ ပတ်သက်ပြီး ကောမှူးမြို့နယ်ထဲက ဆရာ၊ ဆရာမတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ကောမှူးမြို့နယ် အန်အယ်လ်ဒီပါတီက  ဦးအေးသိန်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ကောမှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၁၆ ရက် မနက်ပိုင်းက ကောမှူးမြို့နယ်ပြည်သူ့ဆေးရုံနဲ့ အထက်တန်းကျောင်းတို့ကို သွားရောက်ပြီး ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ရာမှာ မြို့နယ်ထဲက ဆရာနဲ့ ဆရာမတွေက အခုလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ဦးအေးသိန်းက “ကလေးတွေ ဗဟိုပြုပညာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြတာတွေ ရှိပါတယ်။ အဲဒါတွေ မူတွေက ကောင်းပါတယ်တဲ့။ ဆရာမတွေ မလုံလောက်ဘူး၊ အချိန်မလောက်ဘူး၊ သင်ရိုးညွှန်းတန်းတွေကလည်း တဖက်မှာ ချုပ်ကိုင်ထားတော့ ထိရောက်မှုမရှိဘူး။ နောက်ဆံတတင်းတင်းနဲ့ လုပ်ရတယ်၊ လွတ်လွတ်လပ်လပ်မလုပ်ရတဲ့ ပညာရေးတွေပါဆို ပြောတယ်။ ဆရာမတွေကလည်း အတော်လေး ပွင့်ပွင့်လင်းလင်း ပြောလာတယ်။ အခုလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာ လက်ခံပါတယ်။ ပွင့်ပွင့်လင်းလင်းလည်း ဆွေးနွေးချင်တယ်ပေါ့။ ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ ပြဿနာတွေ ဖြစ်လာရင်လည်း ၀ိုင်းဝန်း ကူညီဖြေရှင်းပေးမယ်လို့ ပြောတယ်။”

အခုလိုမျိုး ကောမှူးမြို့နယ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်တဲ့အခါတိုင်း ပညာရေးဌာနဟာ လွယ်လွယ်ကူကူ ခွင့်မပြုတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

“ပညာရေးဌာနကို တွေ့မယ်ပြောတဲ့အခါမှာ အခက်အခဲတွေ ရှိသေးတယ်။ ဟိုတခါ ပညာရေးမှူးကို သွားပြောတော့ သူတို့က ခွင့်မပြုဘူး။ ခွင့်မပြုတော့ ဒေါ်အောင်ဆန်းစုကြည်က အပေါ်ကနေ တောင်းခံပြီး လာရတာ။ အပေါ်ကနေပြီး လွှတ်လိုက်ဆိုတော့မှ တော်တော်လေးကို နီးကပ်မှ အခွင့်အရေးရပြီး  လုပ်တယ်။ အဲမှာလည်း ကျောင်းဆရာ ဆရာမတွေကို နီးစပ်ရာပဲ ဖိတ်ပြီးတော့ လုပ်မယ်ကြားတော့ ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည့်ပြည့်စုံစုံဖိတ်ခိုင်းတယ်၊ ပြည့်ပြည့်စုံစုံ ဖိတ်ပေးပါဆိုပြီး သွားပြောရတယ်။ ပညာရေးကို တွေ့ရတာ ချောချောမွေ့မွေ့မဟုတ်ဘူး။ ကျန်းမာရေးကိုတွေ့ရတာတော့ အဆင်ပြေပါတယ်။”
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၁၅ ရက်ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေနဲ့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013