DVB Logo
Home
မြန်မာသတင်း
လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ပြီးစီးဟုဆို
DVB
·
June 17, 2013
လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ပြီးစီးဟုဆို
Donate to DVB

လက်ကျန်နိုင်ငံရေးအကျဉ်းသား ၇၀ လောက် စိစစ်လို့ရပြီး အဲဒီသူတွေကို လွှတ်ပေးဖို့ ကော်မတီရဲ့သဘောတူညီချက်နဲ့ သမ္မတထံ ဆက်လက်တင်ပြမယ်လို့ ကော်မတီဝင် ဦး ဥာဏ်ဝင်းက ပြောပါတယ်။

ဇွန် ၁၆ ရက်နေ့ ပြုလုပ်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

[caption id="attachment_27104" align="alignleft" width="300" caption="ဦးဥာဏ်ဝင်း"][/caption]

“အားလုံး စိစစ်လို့ရတာ ၇၀ လောက်ရှိတယ်။ ကျန်တဲ့ လိုအပ်ချက်အနေနဲ့ ဘာပုဒ်မနဲ့ကျတယ်ဆိုတာ စိစစ်ပြီးရင် ဒီ ၇၀ ကို သမ္မတဆီ တင်သွင်းမယ်။ ကျန်တာတွေလည်း ဆက်လက်ပြီး စိစစ်မယ်။  ရှိနေတာ စာရင်းအရ ၁၀၀ ၀န်းကျင်မှာ ရှိနေတယ်။ အဲဒီထဲက ၇၀ ဟာ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်၊ လွှတ်သင့်တယ်လို့ သတ်မှတ်စိစစ်လို့ရတယ်ဆိုပြီး ကျနော်တို့ ပြောတယ်။”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ အဖွဲ့ချုပ်၊ ၈၈ အဖွဲ့တို့ရဲ့စာရင်းတွေအရ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၅၅ ယောက်နဲ့ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက်ရှိတယ်လို့ အေအေပီပီတွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

ဇွန်လဆန်းပိုင်းက ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာလည်း အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်း မရှိပါဘူးလို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီစည်းဝေးဟာ ၄ ကြိမ်မြောက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီကော်မတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ ကော်မတီဖွဲ့ပြီးနောက် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013