DVB Logo
Home
မြန်မာသတင်း
ကလေးတွေဆီ ကူးစက်မှုနှုန်း မြင့်တက်လာနေတဲ့ COVID-19 ရောဂါ
DVB
·
August 25, 2020
ကလေးတွေဆီ ကူးစက်မှုနှုန်း မြင့်တက်လာနေတဲ့ COVID-19 ရောဂါ
Donate to DVB

တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါ ကူးစက်ခံခဲ့ရသူပေါင်း ၂၂ သန်းကျော်အထိ ရှိလာနေပါပြီ။ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြီးဟာ ရပ်တန့်သွားဖို့ ခက်နေဆဲဖြစ်ပြီး ရောဂါပိုးကူးစက်ခံရသူတွေ ဆက်တိုက်ဆက်လက်တိုးပွားလာနေပါတယ်။

ဒီလိုတိုးပွားနေတဲ့အထဲမှာ ကလေးသူငယ်တွေဆီကို ကူးစက်မှုနှုန်းကလည်း တဟုန်ထိုးတိုးပွားလို့လာနေတယ်လို့ သတင်းတင်ပြချက်တွေအရ သိလာရပါတယ်။ အသက် ၂ နှစ်နဲ့ ၁၇ နှစ်ကြားအရွယ် ကလေးတွေဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ COVID-19 ရောဂါရဲ့ ဒဏ်ကို အဆိုးရွားဆုံးခံနေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကလေးငယ်တွေကို ရောဂါကူးစက်မှုနှုန်း အလွန်အမင်းမြင့်တက်လာနေတယ်လို့ ယခုရက်ပိုင်းအတွင်းမှာ ကမ္ဘာထိပ်တန်း သတင်းမီဒီယာတွေက တညီတညွတ်တည်း ဖော်ပြခဲ့ကြပါတယ်။

လူ ၅ ဒသမ ၆ သန်းကျော် ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ၇ ဒသမ ၃ ရာခိုင်နှုန်းသော လူနာတွေဟာ ကလေးငယ်တွေဖြစ်နေကြပါတယ်။ အရေအတွက်အားဖြင့်ဆိုရင်တော့ ၁၆၉၄၈၉ အထိရှိနေတာပါ။

စာသင်ကျောင်းတွေကြောင့်လား


ပြီးခဲ့တဲ့ မေလအထိ ၀ ဒဿမ ၆ ရာခိုင်နှုန်းသာရှိနေခဲ့ရာကနေ ရုတ်တရက် ကူးစက်မှုနှုန်းမြင့်တက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေဟာ သေဆုံးမှုနှုန်းအလွန်နည်းပါးပြီး တစ်ကမ္ဘာလုံးမှာ ၉ ဦးသာ သေဆုံးမှုရှိထားပါတယ်။

CDC နဲ့ အမေရိကန်ပြည်ထောင်စုက ကျန်းမာရေးဌာ တာဝန်ရှိသူတွေကတော့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပြီးချိန်မှာ ရောဂါပိုးကူးစက်မှုနှုန်း အဆမတန်မြင့်တက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပုံမှန်အားဖြင့်တော့ ကလေးတွေဟာ ရောဂါကူးစက်မှုနှုန်းနည်းပါးတဲ့ အသက်အရွယ်အုပ်စုထဲမှာပါဝင်နေပြီး အသက် ၇၅ နှစ်အထက်တွေက ထိခိုက်နိုင်ခြေအများဆုံး၊ ၆၅-၇၄ နှစ် ကြား အသက်အရွယ်က ထိခိုက်နိုင်ခြေ ဒုတိယအများဆုံး၊ ၄၅-၆၄ နှစ်ကြား အသက်အရွယ်က တတိယထိခိုက်နိုင်ခြေအများဆုံးနဲ့ ၁၈-၄၄ နှစ်ကြား အသက်အရွယ်က စတုတ္ထထိခိုက်နိုင်ခြေအများဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

လူငယ်တွေနဲ့ ကလေးတွေဟာ ကူးစက်နိုင်ခြေမြင့်မားပေမယ့် ခုချိန်မှာမတော့ အရင်ကထက် ပိုပြီး ဂရုစိုက်ပေးဖို့ သတိထားပေးဖို့ လိုအပ်လာတဲ့သဘောပါပဲ။

ရင်သွေးတွေကို ဘယ်လိုကာကွယ်ကြမလဲ


ကာကွယ်ဆေးထွက်ပေါ်နေပြီလို့ သတင်းထွက်ပေါ်နေပေမယ့် ကုသဆေးမထုတ်လုပ်နိုင်သေးတဲ့ COVID-19 ကပ်ရောဂါ မကူးစက်လာဖို့အတွက်ဆိုရင် အသက်အရွယ်မရေး သတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မိမိတို့ရဲ့ ရင်သွေးတွေကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်လာပါပြီ။

ခုချိန်မှာ စာသင်ကျောင်းတချို့လည်းပြန်ဖွင့်နေပြီဖြစ်တာမို့ ကလေးတွေ ကျောင်းသွားချိန်မှာပဲဖြစ်ဖြစ် နေအိမ်မှာရှိနေချိန်တွေမှာပဲဖြစ်ဖြစ် ဂရုစိုက်ဖို့ ပိုပြီးလိုအပ်လာနေပါတယ်။ ကျောင်းပြန်ဖွင့်တာက ကလေးတွေကို မတော်တဆ ရောဂါပိုးတွေများ ကူးစက်စေမလားဆိုပြီး တစ်နှစ်လောက် ကျောင်းနားလိုက်ဖို့အထိ စဉ်းစားထားကြတဲ့ မိဘတွေလည်း ဒုနဲ့ ဒေးပါပဲ။

ကျောင်းပဲဖြစ်ဖြစ် အပြင်ပဲသွားသွား ရင်သွေးတွေကို အောက်ပါ အလေ့အကျင့်လေးတွေကိုလိုက်နာဖို့ သင်ကြားပေးထားရပါမယ်။

  • လက်ဆေးတာ

  • နှာခေါင်းစည်းတပ်တာ

  • လူစုလူဝေးကို ရှောင်တာ၊

  • နှာချေ၊ ချောင်းဆိုး၊ ဖျားနာနေသူတွေအနားကို မကပ်စေဖို့၊

  • တစ်ဦးနဲ့တစ်ဦး ၆ ပေ အကွာမှာနေဖို့ စတာတွေပါပဲ။


နောက်ပြီးရင် မိဘတွေဘက်ကလည်း

  • ကလေးကို အာဟာရပြည့်ဝအောင် ကျွေးဖို့၊

  • ကိုယ်ခံအားကောင်းအောင် ထားဖို့၊

  • အိပ်ရေးဝဝအိပ်ခိုင်းဖို့၊

  • တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပေးဖို့၊

  • ဖျားနေတဲ့ကလေးကို ကျောင်းမပို့ဖို့၊

  • ကျောင်းကြို/ ပို့တာကိုလည်း တစ်ယောက်တည်းကပဲ သတ်သတ်မှတ်မှတ်ပို့ဖို့စတာတွေ လိုအပ်မှာဖြစ်ပါတယ်။


 

ရေးသားသူ Ye Zon Aung

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013