DVB Logo
Home
မြန်မာသတင်း
စက်တင်ဘာလကုန်အထိ စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ 
DVB
·
August 25, 2020
စက်တင်ဘာလကုန်အထိ စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ 
Donate to DVB

အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာတွေကလွဲပြီး  ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဩဂုတ် ၂၄ ရက်မှာ  ကြေညာပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခုလို အပစ်ရပ်ကာလ ထပ်တိုးလိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ဖို့နဲ့ ထာ၀ရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေနဲ့ ၂၀၂၀ မေလ ၁၀  ရက်မှ ဩဂုတ် ၃၁ ရက်အထိ ကြေညာထားတာကို နောက်ထပ် တစ်လ ထပ်တိုးလိုက်တာဖြစ်ပါတယ်။ 

ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာ  တိုက်တွန်းပြောကြားထားပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့   လက်နက်ကိုင်ပဋိပက္ခမှာ သက်ဆိုင်သူတွေအားလုံး  အနည်းဆုံးရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲဖို့နဲ့ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေး အကူအညီပေးရန် အပါအဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း  ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ချမှတ်ထားပါတယ်။

အခုလိုအပစ်ရပ်စဲရေးကြေညာထားတဲ့ကာလအတွင်း ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကတော့ ရပ်သွားတာမရှိဘဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013