DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ၃ လခန့်အတွင်း Mask မတပ်သူ ၂၉၀၀၀ ကျော်ကိုဒဏ်ရိုက်၊ ကျပ်သိန်း ၁၀၀၀ ကျော်ရရှိ ​ 
DVB
·
August 24, 2020
မြန်မာနိုင်ငံ၌ ၃ လခန့်အတွင်း Mask မတပ်သူ ၂၉၀၀၀ ကျော်ကိုဒဏ်ရိုက်၊ ကျပ်သိန်း ၁၀၀၀ ကျော်ရရှိ ​ 
Donate to DVB

​မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါကို  မတ်လ ၂၃ ရက်​နေ့က စတင်​တွေ့ရှိပြီး ဧပြီလနဲ့​ မေလ​တွေမှာ ကူးစက်မှု​တွေထပ်​တွေ့လာရပြီး​တဲ့​နောက် ​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် နှာ​ခေါင်းစည်းမတပ်ရင်ဒဏ်ရိုက်အ​ရေးယူတဲ့အစီအစဉ်ကို ပြည်နယ်နဲ့တိုင်း ​ဒေသန္တရအစိုးရ​တွေက စတင်ကျင့်သုံးလာပါတယ်။

​မေလ ဒုတိယပတ်ကစလို့ ကျင့်သုံးလာတဲ့ ဒီအစီအစဉ်အရ ၃ လ ​လောက်အတွင်း လူ​ပေါင်း ၂၉၀၀၀ ​ကျော်ကို ဒဏ်ရိုက်အ​ရေးယူခဲ့ရာ  စုစု​ပေါင်းဒဏ်​ငွေ ကျပ် သိန်း၁၀၀၀​ကျော် ရရှိခဲ့​ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။

စာရင်း​တွေအရ​တော့ ​မေလဒုတိယပတ်ကစပြီး ​မေလကုန်အထိ လူ​ပေါင်း ၁၃၂၈၇​ ယောက်ကို ဒဏ်​ငွေ ကျပ်သိန်း ၄၆၀​ကျော် (၄၆၀၇၁၉၀၀ ကျပ်)၊ ဇွန်လ တစ်လတာအတွင်း လူ​ပေါင်း ၁၁၃၂၁​ ယောက်ကို ဒဏ်​ငွေကျပ်သိန်း ၃၉၀ နီးပါး (၃၈၈၂၀၀၀၀ ကျပ်)၊ ဇူလိုင်လအတွင်း လူ​ပေါင်း ၄၄၉၈ ​ယောက်ကို ဒဏ်​ငွေကျပ် ၁၅၉ သိန်း​ကျော် (၁၅၉၃၅၀၀၀ ကျပ်)၊ သြဂုတ် ၁ ရက်​က ၅ ရက်​နေ့အထိ လူ​ပေါင်း ၁၄၁ ​ယောက်ကို ဒဏ်​ငွေကျပ် ၅၈၀၀၀၀ နဲ့ အ​ရေးယူခဲ့​ကြောင်း စာရင်းဇယား​တွေအရသိရပါတယ်။

M‌ask မတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်ကို​ မေလ ဒုတိယပတ်​လောက်စပြီး၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအပြင် ကျန်တိုင်းနဲ့ပြည်နယ်​တွေမှာ စတင်ခဲ့ပြီး စျေး​တွေအပြင် အများပြည်သူသွားလာရာ​နေရာ​တွေမှာ နှာ​ခေါင်းတပ်/မတပ် စစ်​ဆေးပြီး ဒဏ်ရိုက်အ​ရေးယူခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013