DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းမြို့နယ်တွင် လူဦးရေ ၆၅၀ ကျော်ရေဘေးသင့်နေ 
DVB
·
August 24, 2020
ဖားဆောင်းမြို့နယ်တွင် လူဦးရေ ၆၅၀ ကျော်ရေဘေးသင့်နေ 
1 / 5
Donate to DVB

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ  သံလွင်မြစ်ရေ မြင့်တက်နေလို့ အိမ်ထောင်စု ၁၆၁ စု၊ လူဦးရေ ၆၅၄ ဦးကို  ရေလွတ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရွေ့ပြောင်းထားရပါတယ်။ 

သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့မှာ မနေ့ညကတည်းက   ရေအမှတ် ၂၅၀၂ စင်တီမီတာအထိ ရောက်ရှိနေပြီး မြို့ရဲ့ စိုးရိမ်ရေမှတ် ၂၂၇၀ စင်တီမီတာရဲ့ အထက် ၂၃၂  စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေတာပါ။ 

လူနေ ရပ်ကွက် ၃ ခုလောက် ရေမြုပ်နေပြီး ကားလမ်းနဲ့ လူနေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။

လက်ရှိအချိန် သံလွင်တံတား (ဖားဆောင်း) ပေါ်သို့  ၁၃  တန်အထက် ကားတွေ ဖြတ်သန်းသွားလာခွင့် မပြုပါဘူး။

ရေဘေးသင့်တဲ့နေရာတွေကို  ကယားပြည်နယ်၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က လာရောက်ကြည့်ရှုခဲ့ပြီး မြစ်ကမ်းဘေးနေ ရေဘေးသင့်သူအတွက် ထောက်ပံ့ငွေနဲ့ စားသောက်ဖွယ်ရာတချို့ လှူဒါန်းခဲ့ပါတယ်။

တခြားလူမှုအဖွဲ့အစည်းတွေကလည်း  ရေဘေးသင့်ပြည်သူအတွက် စားသောက်ဖွယ်ရာတွေ လှူဒါန်းတာတွေရှိနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013