DVB Logo
Home
Lead Story
ကိုဗစ်ရဲ့ Second wave ကို ဘယ်လို ကိုင်တွယ်ကြမလဲ
DVB
·
August 23, 2020
ကိုဗစ်ရဲ့ Second wave ကို ဘယ်လို ကိုင်တွယ်ကြမလဲ
Donate to DVB

အခုကာလမှာ ရောဂါကူးစက်နှုန်း နည်းလာသလို သက်သာတဲ့ အရေအတွက်လည်း တိုးလာခဲ့ပါတယ်။ ဒီလိုဆိုတာနဲ့ ခပ်ပေါ့ပေါ့နေမယ် အရင်လိုပဲ အပြင်သွားမယ်ဆိုတာတွေ လုပ်လို့ မဖြစ်သေးပါဘူး။ ပြည်ပရောက်မြန်မာတွေ ပြန်ဝင်လာမှာရှိနေသေးသလို ရောဂါပိုးရှိနေမှန်း လက္ခဏာမပြဘဲ သယ်ဆောင်နေသူ silent carrier တွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒီတော့ အကောင်းဆုံးက ရောဂါ ကူးစက်မှုနှုန်း ဆက်လက် ကျဆင်းနေစေဖို့ ကိုဗစ် ရဲ့ Second wave ကို ဘယ်လို အကောင်ဆုံးကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စဉ်းစားထားကြရုံပါ။

ကိုဗစ် ရောဂါပိုးကို ကာကွယ်ဖို့က တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်


ကိုဗစ်ကို ကာကွယ်ဖို့က အစိုးရမှာမှ တာဝန်ရှိတာ မဟုတ်သလို ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ပဲလေလို့ မသတ်မှတ်စေချင်ပါဘူး။ တကယ်က ကိုဗစ်ကို ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အားလုံး အတူတူ ပူးပေါင်းပါဝင်မှ ဒီ ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ covid_19 အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့သူတွေကိုပါ ကာကွယ်နိုင်မှာပါ။

ကာကွယ်ဆေးရော ကုသဆေးပါ ရေရေရာရာမရှိသေးတဲ့ ကိုဗစ်က ပေါ့ပေါ့ဆဆလုပ်လိုက်မိတာနဲ့ တစ်ကျော့ပြန် ပြန်လည်ခေါင်းထောင်လာဖို့အသင့်စောင့်နေတာပါ။ ဒါကြောင့် ကိုဗစ်ရဲ့ Second wave ကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ အားဖြည့်ပေးမလဲဆိုတာ အတူတူ ​ကြည့်လိုက်ရအောင်လား……….

ကိုဗစ်ရဲ့ Second wave ကို ဟောင်ကောင် ဘယ်လိုကိုင်တွယ်နေသလဲ…………..

မေလ ၇ရက်နေ့ ဒေတာတွေအရ ဒေသတွင်း ရောဂါပိုး ကူးစက်သူ ၂ ပတ် ဆက်တိုက် မတွေ့ရတော့တဲ့ ဟောင်ကောင်မှာ ကိုဗစ်တကျော့ပြန် ခေါင်းမထောင်လာစေဖို့အတွက် ဟောင်ကောင်အစိုးရအနေနဲ့

  • ဒေသတွင်းကို ပြည်ပကနေ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ လေဆိပ်တွေကို ပိတ်ထားဆဲဖြစ်ပါတယ်။

  • ပြည်ပကနေပြန်လာတဲ့ ပြည်သူတွေကို သေချာ စောင့်​ကြည့်စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး သီးသန့် ခွဲထားတာတွေကို လုပ်ဆောင်နေပါတယ်။

  • နေအိမ်မှာ သီးသန့်နေထိုင်သူတွေကိုလည်း နေအိမ်မှာ စောင့်ကြည့်နေတဲ့ကာလအတွင်း အိမ်အပြင်ထွက်တာမျိုးတွေ မဖြစ်စေဖို့ နဲ့ သူတို့ရဲ့ တည်နေရာကို သိရှိနိုင်စေဖို့ electronic bracelets တွေတပ်ဆင်ထားစေပါတယ်။

  • အရက်ဘားတွေကို ပိတ်ထားဖို့ စည်းကမ်းတင်းကြပ်မှုတွေ လုပ်ဆောင်နေသလို အရက်ရောင်းချမှုကိုလည်း တားမြစ်ဖို့အတွက်စည်းကမ်းချမှတ်မှုဗတွကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

  • Gym တွေ အပါအဝင် အားကစားခန်းမတွေကို ပိတ်ထားခိုင်းဆဲပါ။

  • စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေကို ပိတ်ခိုင်းထားဆဲပါ။

  • စားသောက်ဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုထားပေမယ့် ဆိုင်မှာထိုင်စားခွင့်မပြုဘဲ ပါဆယ်စနစ်နဲ့သာ ဝယ်ယူခွင့်ပြုပါတယ်။

  • လူတွေကို တစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၃ ပေ ခွာနေခိုင်းဆဲပါ။ အစိုးရနဲ့ ပြည်သူတွေဟာ သူတို့ရဲ့ ပုံမှန် နေ့စဉ်ဘဝကို သတိကြီးကြီးထားလို့ စတင်နေပါတယ်။


တနင်္လာနေ့ကစလို့ အစိုးရက ဖြေလျော့မှုအချို့ကို စတင်ခွင့်ပြုပေးခဲ့ပေမယ့် အားလုံးကတာ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သတိထားလုပ်ဆောင်ရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေကို စတင်နေကြပါတယ်။

ကိုဗစ်ရဲ့ Second wave ကို ထိန်းချုပ်မှုမှာ အတူ ပူးပေါင်း ပါဝင်ပါ


ကိုဗစ် တကျော့ပြန်ခေါင်းမထောင်လာစေဖို့ဆိုရင်

တတ်နိုင်သမျှ အိမ်ထဲမှာနေပါ – မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြပါနဲ့ဦးလို့ ပြောပါရစေ။ အကြောင်းကတော့ ရောဂါဖြစ်ပွားမှုနှုန်း ကျသွားတာက ကိုဗစ် ကင်းစင်သွားပြီလို့ ဆိုလိုတာမဟုတ်တာကြောင့်ပါ။

လူစုလူဝေးရှောင်ပါ – မလိုအပ်ဘဲ စုဝေးမှုတွေ မလုပ်ပါနဲ့ဦး။ ပွဲလမ်းသဘင်တွေသွားတာ၊ ဘားဆိုင်တွေ သွားတာမျိုး၊ မလိုအပ်ဘဲ စုဝေးမှုတွေမလုပ်ပါနဲ့။

နှာခေါင်းစည်း တပ်ပါ – ရာသီဥတုက ပူနေတယ်ဆိုပေမယ့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ဖို့ အပြင်သွားတိုင်းမှာ နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ကြပါ။ ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ကိုဗစ် အန္တရာယ်ကနေ ကာကွယ်ရာရောက်ပါတယ်။

လက်ဆေးပါ – အပြင်ကပြန်လာတိုင်း၊ အစားမစားခင်၊ စားစရာတွေကို ကိုင်တွယ်ချက်ပြုတ်ခြင်း မပြုမီနဲ့ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးတိုင်း လက်ဆေးပါ။ လက်ဆေးတာက အထိရောက်ဆုံး ကာကွယ်မှုဆိုတော့ လက်ဆေးတာကို မပျင်းပါနဲ့နော်။

ပါဆယ်သာ ဝယ်ယူပါ – အစားအသောက်တွေကို ဆိုင်မှာ ထိုင်စားခွင့်မပြုတာကြောင့် ပါဆယ်ဝယ်ယူမှုကိုသာ လုပ်ဆောင်နေခဲ့ကြတာပါ။ တကယ်လို့ ဆိုင်တွေက ထိုင်စားလို့ ရပြီဆိုရင်တောင်မှာ ကိုဗစ်ရဲ့ တကျော့ပြန်အန္တရာယ်ကို ကာကွယ်ဖို့ ပါဆယ်သာ ဝယ်ယူစားသုံးကြပါ။

Social Distancing ကို ဆက်လက် ကျင့်သုံးပါ – ရောဂါပိုး ကူစက်ခံရမှု အရေအတွက် ကျဆင်းသွားပြီဆိုရင်တောင်မှ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေတဲ့ အကျင့်ကို ဆက်လက်ကျင့်သုံးစေချင်ပါတယ်။ ဒါက ရောဂါပိုး ကူးစက်ခံရနိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်တာကြောင့်ပါ။

ဆေးလိပ် နဲ့ အရက်ကို ဖြတ်ပါ – ကိုဗစ်ကို ကာကွယ်ဖို့က ကိုယ်ခံအားကောင်းဖို့ လိုအပ်တာ​ကြောင့် ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ် နဲ့ အရက်သောက်သုံးမှုကို ရှောင်ပါ။ ဖြစ်နိုင်ရင် ဒီကာလမှာ ဆေးလိပ်၊ အရက်ဖြတ်ဖို့ ကြိုးစားပါ။

နှာချေ၊ ချောင်းဆိုးတဲ့အခါ အုပ်ထားပါ – နှာချေချောင်းဆိုးမှုကနေတင့် ပတ်ဝန်းကျင်က အခြားသူတွေဆီကို ရောဂါပိုး မကူးစက်စေဖို့အတွက် နှာချေ၊ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို တစ်သျှူးစနဲ့ သေချာအုပ်ပါ။ ပြီးတာနဲ့ အမှိုက်ပုံးထဲကို သေချာ စွန့်ပစ်ပါ။ တစ်သျှူး အလွယ်တကူမရှိရင် တံတောင်ဆစ်နဲ့ ကာပြီး နှာချေပါ။ ချောင်းဆိုးပါ။

ပြည်တော်ပြန်လာမယ့်သူများ အနေနဲ့လည်း ကိုဗစ်ရဲ့ Second Wave ကို အကောင်းဆုံး ကိုင်တွယ်နိုင်စေဖို့အတွက် အကူအညီပေးတဲ့အနေနဲ့ ပြည်ပကနေပြန်ရောက်လာချိန်မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူပြီး သီးသန့်ခွဲနေထိုင်တာ၊ စောင့်ကြည့်စစ်ဆေးတာတွေကို အကောင်းဆုံး ပါဝင်ကူညီပေးကြဖို့ပြောပါရစေ။

တစ်ဦးချင်းစီရဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ကိုဗစ် တကျော့ပြန်မလာစေဖို့ ကာကွယ်လိုက်ရအောင်လား… ။

 ရေးသားသူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013