DVB Logo
Home
မြန်မာသတင်း
ရခိုင် တိုက်ပွဲရှောင်နှင့် IDP စခန်းများကို ကျပ်သိန်း ၁၈,၀၀၀ ကျော် ထောက်ပံ့
DVB
·
August 22, 2020
ရခိုင် တိုက်ပွဲရှောင်နှင့် IDP စခန်းများကို ကျပ်သိန်း ၁၈,၀၀၀ ကျော် ထောက်ပံ့
Donate to DVB

ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်နဲ့ IDP စခန်းတွေက အိမ်ထောင်စုတွေအတွက် စားနပ်ရိက္ခာနဲ့ ယာယီအိမ်တွေအတွက် လူကယ်ပြန်ဝန်ကြီးဌာနက ကျပ်သိန်းပေါင်း ၁၈,၀၀၀ ကျော် ထောက်ပံ့ပေးလိုက်ပါတယ်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ခဲ့တာလို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန်ထားတာပါ။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ဟာ ဒီအစီအစဉ်အရ တိုက်ပွဲရှောင်နဲ့ IDP စခန်းတွေက အိမ်ထောင်စုတွေကို ထောက်ပံ့မယ့်လုပ်ငန်းစဉ်အတွက် အစည်းအဝေးကို မနေ့က Video Conferencing စနစ်နဲ့ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အိမ်ထောင်စု တစုစီကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ စားနပ်ရိက္ခာ ၅ မျိုးအတွက် ကျပ် ၄၀,၀၀၀ နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၄၀,၀၀၀ ကျော်အတွက် ကျပ်သိန်း ၁၆,၀၀၀ ကျော်၊ ယာယီအဆောက်အဦအတွက် ကျပ်သိန်း ၂,၆၀၀ ကျော်ကို ဝန်ကြီးဌာနကိုယ်စား ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဝန်ကြီးချုပ်ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ ၂ နှစ်အောက် ကလေးတွေ၊ သက်ကြီး ဘိုးဘွားနဲ့ မသန်စွမ်းသူတွေအတွက်လည်း ကျပ် ၃၀,၀၀၀ နှုန်းစီ ဆက်ပြီး ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013