DVB Logo
Home
မြန်မာသတင်း
တပ်မတော်က စစ်တွေမြို့ကို ခွဲစိတ်ခန်းသုံး Mask ၆ သိန်းအပါအဝင် ကုသရေးပစ္စည်းများ လှူဒါန်း
DVB
·
August 22, 2020
တပ်မတော်က စစ်တွေမြို့ကို ခွဲစိတ်ခန်းသုံး Mask ၆ သိန်းအပါအဝင် ကုသရေးပစ္စည်းများ လှူဒါန်း
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ကို တပ်မတော်က ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Mask အခုရေ ၆ သိန်းအပါအဝင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေးပစ္စည်းတွေ ပေးပို့လှူဒါန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲမှာ ရောဂါတွေ့ရှိရတဲ့ အခြေအနေတွေဟာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူတွေကတဆင့် ပြည်သူတွေအကြား တိတ်တဆိတ် ရောဂါပျံ့နှံ့ပြီး ထိန်းချုပ်ဖို့ခက်ခဲတဲ့ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် ပေါ်ပေါက်လာနိုင်တာကို သုံးသပ်တွေ့ရှိရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းအန္တရာယ် မဖြစ်စေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ သုံးဖို့အတွက် တပ်မတော်က လှူဒါန်းတဲ့ ပစ္စည်းတွေကို မနေ့ ညနေပိုင်းက နေပြည်တော်လေဆိပ်ကနေ တပ်မတော်လေယာဉ်နဲ့ စစ်တွေကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (Surgical Mask) အခု ၆ သိန်း၊  တကိုယ်ရေအကာအကွယ် ဝတ်စုံ (Personal Protective Equipment (PPE)) အစုံ ၂၅၀၀ စုံ၊ N95 Mask အခု ၂၅၀၀၊ အကာအကွယ်မျက်မှန် (Goggles) အခု ၂၅၀၀ ခု၊ (တခါသုံး လက်အိတ်) Examination Glove အခု ၄၀၀၀၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Glove) အခု ၃၀၀၀၊ မျက်နှာအကာ (Face Shield) အခု ၂၀၀၊ Hand Gel ၇၀၀ ဘူး၊ Hand Sanitizer ၂၀၀ ဘူး၊ အပူချိန်တိုင်းကိရိယာ (Non Contact Infrared Thermometer) အခု ၄၀၊ အရောင်ချွတ်ဆေး (Bleaching Powder) ၁၀ ပုံး၊ Sodium Hypochloride (15 L) ၁၀ ပုံး၊ ဆေးဖျန်းပုံး ၅ ပုံး၊ OT Gown အစုံ ၂၀၀၀၊ OT Cap အစုံ ၂၀၀၀၊ Biosafety Cabinet Unit ၁ လုံးနဲ့ ဓာတ်ခွဲစစ်ဆေးပစ္စည်း (Test Kit) အချောင်း ၂၀၀ တို့ကို ပေးပို့လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013