DVB Logo
Home
အာရှဒေသ
အနှိမ်ခံ တိုင်းရင်းသားတွေရဲ့ ဂီတ
DVB
·
June 14, 2013
အနှိမ်ခံ တိုင်းရင်းသားတွေရဲ့ ဂီတ
Donate to DVB

နေ့လယ်ခင်းအချိန်ဆိုပေမယ့် ကွာရတ္တာမြိုကက ခြောက်ခြားစရာကောင်းအောင် တိတ်ဆိတ်နေပါတယ်။ ဒီမြို့မှာ ဟာဇာရာတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ တာလီဘန်တွေရဲ့ရန်ကို ကြောက်ပြီး အာဖဂန်နစ္စတန်ကနေ ပါကစ္စတန်ကို ထွက်ပြေးလာကြသူတွေပါ။ လူဦးရေ ၅ သိန်းရှိတဲ့ ဟာဇာရာတိုင်းရင်းသားတွေဟာ အကြမ်းဖက်ခံရ၊ သေနတ်ပစ်ခံရတဲ့ အခြေအနေက ပိုဆိုးလာနေပါတယ်။

ထင်ရှားတဲ့ ဟာဇာရာတိုင်းရင်းသား ဂီတပညာရှင် ဟာဘစ် ယူဆွဖ်ဇာဒါက "ပါကစ္စတန်မှာ လူတိုင်းက ကျနော်သားကို မလိုလားကြဘူး။ ကျနော်တို့ မိသားစုကို မလိုလားကြဘူး။ ကျနော်ကိုလည်း မလိုလားကြဘူး။ ကျနော်တို့ မိသားစုက ဟာဇာရာတိုင်းရင်းသားတွေ ဖြစ်နေတာကိုး" လို့ ပြောပါတယ်။

ဟာဇာရာတိုင်းရင်းသားတွေအပေါ် တိုက်ခိုက်ခံရတဲ့အခါ ဂီတသမားတွေကိုလည်း အလွတ် မပေးပါဘူး။ ယူဆွဖ်ဇာဒါဆိုရင် သီချင်းမဆိုတော့တာ အတော်ကြာနေပါပြီ။ ဈေးဆိုင်လေး ဖွင့်ပြီး ၀င်ငွေရှာနေရပါတယ်။

"ဟာဇာရာတွေကို သတ်တဲ့ အကြောင်းပြချက် မရှိဘူးဗျ။ ဂီတသမားတွေမို့လို့ တိုက်ခိုက်တာခံရမယ်၊ ဒီကလူတွေ ဂီတသမားတွေကို မကြိုက်ကြဘူး။"

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာရလာတဲ့အခါမှာ ယူဆွဖ်ဇာဒါတို့ မိသားစုတွေ ထွက်ပြေးလာကြတာပါ။ ဒါပေမယ့် ပါကစ္စတန်မှာလည်း ရန်က မအေးပါဘူး။

ပါကစ္စတန်မှာ ရှီးယာမွတ်စလင်အနွယ်တွေကို တိုက်ခိုက်နေတဲ့ Lashkar-e-Jhangv စစ်သွေးကြွအဖွဲ့ရဲ့ အန္တရာယ်နဲ့ ကြုံရပါတယ်။  ဂီတဟာ အစ္စလာမ်အဆုံးအမနဲ့ ဆန့်ကျင်တယ်လို့ အဲဒီအဖွဲ့က သတ်မှတ်ပါတယ်။ မနှစ်တုန်းက ဟာဇာရာအသိုင်းအ၀ိုင်းက စီစဉ်တဲ့ဂီတပွဲမှာ ဖျော်ဖြေတဲ့အတွက် ယူဆွဖ်ဇာဒါရဲ့ဆယ်ကျော်သက်အရွယ်သားလည်း တိုက်ခိုက်ခံလိုက်ရပါတယ်။

"တညနေမှာ လူငယ် ၂ ယောက်က ကျနော်အိမ်ဂိတ်ကို လာခေါက်တယ်။ ဂိတ်တံခါးကို ဖွင့်လိုက်ပြီး ထွက်ကြည့်လိုက်တဲ့အခါ ခင်ဗျား ဖာရီဒန်းလားလို့ မေးတယ်။ ကျနော်က ဘာမှ မဖြေခင်မှာပဲ ကျနော်ကို ထိုးကြတယ်။ တယောက်က ကျနော်ကို သေနတ်နဲ့ ပစ်တယ်။"

ပါကစ္စတန်က ဟာဇာရာတိုင်းရင်းသားတွေကတော့ ဩစတြေးလျမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားကြပေမယ့် ယူဆွဖ်ဇာဒါတို့ သားအဖတွေကတော့ အခြေအနေ မပေးပါဘူး။

"ကျနော်အဖေက ဂီတသမား။ ကျနော်ကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ခဲ့တာ။ ကျနော်ကလည်း ဂီတကို မြတ်နိုးတယ်။ ကြိုးစားပမ်းစားသင်ခဲ့တယ်။ တနေ့ကျရင် ဂီတသမားတယောက် ဖြစ်လာမယ်လို့ မျှော်လင့်နေတယ်" လို့ ပြောပါတယ်။

သမိုင်းဆရာတွေရဲ့အဆိုအရတော့ ဟာဇာရာတိုင်းရင်းသားတွေ၊ အခုလို တိုက်ခိုက်ခံနေရတာ လူမျိုးအရကွဲပြားရုံမက အသွင်အပြင်ကလည်း ခြားနားနေတာကြောင့်လို့ ဆိုပါတယ်။

မိုဟာမက် အီးဒရီးစ်ကတော့ ဟာဇာနာတိုင်းရင်းသား သတင်းထောက်တယောက်ပါ။ ပုဂ္ဂလိပိုင် ရုပ်သံဌာနမှာ အလုပ်လုပ်ရင်းနဲ့ သူ့ကို ခြိမ်းခြောက်လာကြောင့် အလုပ်ကနေ ထွက်လိုက်ရပါတယ်။ ဟာဇာရာတိုင်းရင်းသားတွေ ရာနဲ့ချီပြီး အသတ်ခံရ၊ ဒဏ်ရာတွေ ရကြတဲ့အခါမှာ လူငယ်တွေဟာ ဂီတဘက်ကို အာရုံလှည့်လာကြတယ်လို့ ပြောပြပါတယ်။

"Lashkar-e-Jhangv အဖွဲ့က အစွန်းရောက်တွေ။ ဂီတပွဲတွေထက် ဘာသာရေးပွဲတွေကိုပဲ အားသန်ကြတယ်။ ဂီတပွဲကို စီစဉ်တဲ့လူတွေကိုလည်း ဘာသာတရားမကိုင်းရှိုင်းတဲ့လူလို့ သူတို့က သတ်မှတ်တယ်။"

ထင်ရှားတဲ့ ကဗျာဆရာမ တာရာဘာဆာဟာရဲ့ ကဗျာတွေမှာ ဟာဇာရာ တိုင်းရင်းသားတွေရဲ့ ဒုက္ခတွေအကြောင်း လွှမ်းမိုးလေ့ရှိပါတယ်။

အခုဆိုရင် ဟာဇာရာတိုင်းရင်းသားမိဘတွေက ကလေးတွေနဲ့ သမီးငယ်တွေကို စိုးရိမ်စိတ်နဲ့ အိမ်ထဲကနေ အိမ်အပြင်ကို ပေးမထွက်ကြတော့ဘူးလို့ ပြောပါတယ်။

"ဟာဇာရာ တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘာမှမပြော၊ ဘာမှမလုပ်ဘဲ ပွဲကြည့်ပရိသတ်လုပ်နေတာကို ကျမရေးတဲ့ ကဗျာတွေထဲမှာ ထောက်ပြပါတယ်။ သူတို့ အလေးမထားပါဘူး။"

ဟာဒီးလာဖစ်ဇာကတော့ အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူလေးပါ။ ကွာရတ္တာမြို့မှာ ဟာဇာရာ တိုင်းရင်းသားတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ကျောင်းမှာ နေပါတယ်။ ကဗျာအသစ်တပုဒ်ကို လေ့ကျင့်နေပါတယ်။

“ကဗျာရေးပြီး ဟာဇာရာတိုင်းရင်းသားတွေရဲ့သောကတွေနဲ့ ဒုက္ခတွေကို ကမ္ဘာကြီးထဲက တခြားလူတွေကိုလည်း ပြောပြချင်တယ်။ ဟာဇာရာတိုင်းရင်းသားတွေဘက်က ပြောဖို့ လိုအပ်တဲ့ အခါတိုင်း ပြောမယ်။  စကားစစ်ထိုးပွဲ၊ ကဗျာ၊ ဂီတ၊ ဘာဖြစ်ဖြစ်ပါ။"

တော်တော်များများကတော့ ဟာဇာရာတိုင်းရင်းသားတွေရဲ့ ဂီတကို ရုတ်တရက်နဲ့ တကျော့ပြန်ကြားရပါဦးမလားလို့ စိုးရိမ်နေကြပါတယ်။

လူငယ်ဂီတသမား ဖာရီဒန်းက "ဂီတကို နားထောင်ပြီး ဒုက္ခတွေကို ပြေပျောက် သွားစေချင်တယ်။ တချို့ကတော့ ဒါကို မကြိုက်ဘူး။ ကျနော်တို့ကို ခြိမ်းခြောက်တယ်။ သေမှာတော့ ကျနော်လည်း ကြိုက်တယ်။"

(Hazara Music Silenced in Pakistan by Mudassar Shah, Quetta, Pakistan)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013