DVB Logo
Home
မြန်မာသတင်း
မောင်ဆောင်းခအမှု စက်တင်ဘာ ၄ ရက်နေ့ အပြီးသတ်အမိန့်ချမည် (ဓာတ်ပုံ)
DVB
·
August 21, 2020
မောင်ဆောင်းခအမှု စက်တင်ဘာ ၄ ရက်နေ့ အပြီးသတ်အမိန့်ချမည် (ဓာတ်ပုံ)
1 / 6
Donate to DVB

ရန်ကုန်မြို့၊ ဆူးလေးတံတားပေါ်မှာ “အင်တာနက်ဖြတ်တောက်မှုအလိုမရှိ” စာသားပါ ဗွီနိုင်းတွေ ချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့တယ်ဆိုပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားတဲ့ မောင်ဆောင်းခအမှုကို စက်တင်ဘာ ၄ ရက်နေ့ အပြီးသတ်အမိန့်ချမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ စတင်ပြီး အစိုးရက အင်တာနက်ဖြတ်တောက်ထားရာ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၁ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပါတယ်။

အင်တာနက်ဖြတ်တောက်မှု ၁ နှစ်ပြည့်တဲ့ ဇွန် ၂၁ ရက်က ဆူးလေးတံတားပေါ်မှာ “အင်တာနက်ဖြတ်တောက်မှု အလိုမရှိ” စာသားပါ ပိတ်စတွေ ချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့တယ်ဆိုပြီး မောင်ဆောင်းခအပါအဝင် ငါးဦးကို ကျောက်တံတား မြို့မရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာပါ။

AA အဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေ  ပိုမိုပြင်းထန်လာတာကြောင့် အစိုးရအနေနဲ့ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်ရှိ မြို့နယ် ၁ မြို့နယ်တို့မှာ အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီဖြတ်တောက်ထားဖို့ ၂ဝ-၆-၂ဝ၁၉ ရက်မှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013