DVB Logo
Home
မြန်မာသတင်း
စစ်တွေကလာသည့် ခရီးသည် ၇၉ ဦးကို လှိုင်တက္ကသိုလ် Quarantine Center ပို့ဆောင်
DVB
·
August 21, 2020
စစ်တွေကလာသည့် ခရီးသည် ၇၉ ဦးကို လှိုင်တက္ကသိုလ် Quarantine Center ပို့ဆောင်
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကလာတဲ့ ခရီးသည်တင်ယာဉ် ၅ စီးက လူဦးရေ ၇၉ ဦးကို ကျန်းမာရေးစစ်ဆေးပြီး ရန်ကုန် လှိုင်တက္ကသိုလ် Quarantine Center ကို ပို့ဆောင်လိုက်တယ်လို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရန်ခိုင်ပြည်နယ်၊ စစ်တွေမြို့ကလာတဲ့ ခရီးသည်တင် ကားတွေနဲ့ ကုန်တင်ကားတွေကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ သြဂုတ်လ ၂၁ ရက်နေ့မနက်ပိုင်းက စတင်ပြီး ကျန်းမာရေး စစ်ဆေးတာတွေ ပြုလုပ်နေတာလို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ပြောပါတယ်။

"ဒီနေ့မနက် ၄ နာရီအချိန်ကစပြီး တိုက်ကြီးမြို့နဲ့ ဥက္ကံမြို့မှာ အုပ်ချုပ်ရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး ပြည်ဘက်လာတဲ့ကားတွေကိုစစ်ဆေးတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကလာတဲ့ ကားတွေကိုတော့ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ပြီး ရန်ကုန်လိူင်တက္ကသိုလ် Quarantine Center ကို ပို့ဆောင်သွားမယ်။ လက်ရှိအချိန်မှာတော့ စစ်တွေမြို့ကလာတဲ့ကား ၅ စီး၊လူဦးရေ ၇၉ ဦးကို ပို့ဆောင်သွားမယ်။”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ တိုးမြင့် တွေ့ရှိလာတာကြောင့် စစ်တွေမြို့က လာတဲ့ကားတွေကို စစ်ဆေးရေးဂိတ်ဖွင့်လှစ် စစ်ဆေးပြီး ရန်ကုန်မြို့ရှိ Quarantine Center တွေကို ပို့ဆောင်ပေးနေကာ ရက်အကန့်အသတ်မရှိ စစ်ဆေးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ ဦးနဲ့ စောင့်ကြည့်လူနာ ၁၁ ဦးထိ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  စုစုပေါင်း ၃၃၃ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013