DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုအပေါ် ထင်ရှားသူ၊ အနုပညာရှင်များ၏ အကြံပြုစကားတချို့
DVB
·
August 21, 2020
ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုအပေါ် ထင်ရှားသူ၊ အနုပညာရှင်များ၏ အကြံပြုစကားတချို့
Donate to DVB

       မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုတွေ ခပ်စိပ်စိပ်တွေ့လာရတဲ့အပေါ် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ အနုပညာ ရှင်တွေအပါအဝင် ထင်ရှားသူတွေက အကြံပြုစကားတွေ ပြည်သူတွေအတွက် မျှဝေထားကြပါတယ်။

       ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ တွေ့ရှိသူတွေမှာ ခရီးသွား ရာဇဝင်မရှိ၊   ရောဂါပိုးရှိ သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တာမျိုးတွေ မရှိတဲ့သူတွေ ပါဝင်လာတာမို့ ကိုဗစ်-၁၉ ဒုတိယလှိုင်း မဖြစ်ပေါ်စေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပညာပေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

       ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ရောဂါထိန်းချုပ်ကာကွယ်စောင့် ကြပ်ကြည့်ရှုမှုနဲ့ ပတ်သက်ပြီး အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးကတော့ ဒီမတိုင်ခင် ဩဂုတ် ၁၂ ရက်နေ့ကတည်းက ဖြေလျှော့မပေးတဲ့ ဒီ ၄ ချက်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလို ရေးသားမျှဝေထားခဲ့ပါတယ်။

“ကိုဗစ်-၁၉ ကြောင့် အကန့်အသတ်တွေရှိခဲ့တယ်၊ ဒေသတွင်းနိုင်ငံအချို့နဲ့ ကမ္ဘာ့ နိုင်ငံကြီးများမှာ ဆိုးဝါးတဲ့ အခြေအနေတွေရှိဆဲပါ၊ ဒီမှာတော့ အစိုးရက ချင့်ချင့်ချိန်ချိန်နဲ့ အကန့်အသတ်တွေ လျော့ချပေးထားပါတယ်၊ ဘယ်လိုပဲ ဖြေလျော့ပေးပေး တစ်ဦးချင်း လိုက်နာရမယ့်၊ တစ်ဦးချင်းအလေ့အထဖြစ်အောင် လေ့ကျင့်ရမယ့် ဒီ ၄ ချက်ကိုတော့ လုံး ဝ (လုံးဝ) ဖြေလျော့ပေးခြင်း မရှိသေးဘူးဆိုတာ မမေ့ပါနဲ့။ (၁) အပြင်ထွက်တိုင်း Mask တပ်ပါ၊ (၂) ခပ်ခွာခွာနေပါ၊ (၃) လူစုလူဝေးရှိရာသို့ မသွားပါနဲ့၊ (၄) လက်ကို စနစ်တကျ စက္ကန့်(၂၀) ကြာ မကြာခဏ ဆေးကြောပါ။”

       ခုလိုတကျော့ပြန် ပြည်တွင်းကူးစက်မှုတွေအတွက် အနုပညာရှင်တွေကလည်း တဖက်တလမ်းက ပြည်သူတွေကို ပေါ့ပေါ့ဆဆမနေကြဖို့ အသိပညာပေးအကြံပြုချက်တွေ မျှဝေထားကြပါတယ်။

       နာမည်ကျော် အဆိုတော် တင်ဇာမော်ကတော့ “ကိုဗစ်-၁၉ ကြောင့် အလုပ်မရှိရင် အပြင်မထွက်ရဘူး။ အပြင်မထွက်ရရင် ပိုက်ဆံမရဘူး။ ပိုက်ဆံမရရင် ထောက်ပံ့ရမယ့် သူတွေကို မထောက်ပံ့နိုင်ဘူး။ မထောက်ပံ့နိုင်ရင် ရှိတာတွေ ထုတ်စားကြ။ ရှိတာတွေ ထုတ်စားရင်းကြာလာတော့ စိတ်ဓာတ်မကျနဲ့ မညည်းနဲ့။ ထုတ်စားစရာ မရှိတဲ့သူတွေအတွက် မတွေးဝံ့တော့ဘူး။ အားလုံးတော့ တပြိုင်တည်းရဖို့မလွယ်ဘူး။ တခုလိုချင် တခုစွန့်လွှတ်ရမယ်။ အဲ့တော့ Mask တပ်ကြပါ… လက်ဆေးကြပါ ၆ ပေအကွာ မှာနေကြပါ… အလုပ်ရှိရင်အပြင်ထွက်ပါ…  အပြင်ထွက်စရာမလိုဘဲ ပိုက်ဆံရတဲ့သူတွေတော့ ရှိမှာပဲ… ဒါပေမယ့် ရှားလိမ့်မယ်” လို့ ရေးသား မျှဝေထားခဲ့ပါတယ်။

       သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ ဖွေးဖွေးကတော့ ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာနရဲ့ မနက် ၈ နာရီ ကိုဗစ်-၁၉ သတင်းထုတ်ပြန်ချက်ကို ပြန်လည်မျှဝေထားခဲ့ပြီး “ဘေးကင်းပြန်လည်ကျန်းမာကြပါစေ”ဆိုပြီး ဆုတောင်းစကား ပြောထားခဲ့တာကို တွေ့ရပါတယ်။

       အဆိုတော် ပိုပိုကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ခုလို ရေးသားပြီး မျှဝေထားခဲ့တာပါ။

       “ရောဂါတွေ ထပ်မဖြစ်ကြပါနဲ့ ဆုတောင်းပေးပါတယ်… ကိုရိုနာထက် ၁၀ ဆ ကြမ်းတဲ့ Virus တွေ့နေတယ်တဲ့… ပရိသတ်ကြီးလည်း အထူးဂရုစိုက်ကြပါနော်။”

       "ကမ္ဘာ့ အပြင်သွားပါ ကိုရိုနာ" ပညာပေးသီချင်းသီဆိုသူ ဆရာဝန်တယောက်လည်း ဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ “အိမ်မှာ တတ်နိုင်သလောက် ပြန်နေပြီး ကိုဗစ် ကာကွယ်သူတွေကို... သီချင်းလေးတွေ နားထောင်ရင်း စိတ်ဖိစီးတာတွေ နည်းနည်းဖြစ်ဖြစ်ပြေစေဖို့” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှ အသိပညာပေးမျှဝေမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

       ရက်ပ်သီချင်းတွေနဲ့ ပရိသတ်တွေကြား နာမည်ကြီးတဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ ပြည်တွင်းကူးစက်မှုနဲ့အတူ သတိပြုသင့်တဲ့ အကြောင်းအရာတချို့ကို ခုလိုရေး သားမျှဝေထားခဲ့ပါတယ်။

“ခုတလော ဒီးဒီ အပြင်သွားရင်လေ Mask တပ်ကြတာ သိပ်မမြင်ရတော့ဘူးနော်။ မနက်က ပြည်တွင်းကူးစက်မှုအနေနဲ့ လူနာသစ်သုံးယောက်တွေ့တယ်တဲ့။ အားလုံးလည်း သိပြီးကြပြီဖြစ်မှာပါ။ ကိုဗစ်က မပြီးသေးပါဘူးနော်။ ကမ္ဘာတဝန်း ကူးစက်မှုတွေလည်း ရှိနေတုန်းပါ။ မြန်မာပြည်အနေနဲ့ ကိုဗစ်ဒုတိယလှိုင်း ဖြစ်လောက်အောင် ကူး စက်မှုမရှိသေးဘူး ဆိုပေမယ့် ကိုယ့်ဘက်က မပေါ့ဆတာ အကောင်းဆုံးပါနော်။ အရေးကြီးဆုံးက ကျန်းမာရေးပါ။ ကျန်းမာမှ ဒီးဒီတို့ လုပ်ချင်တာတွေ လုပ်ခွင့်ရမှာပါ။ ကလေးတွေလည်း ကျောင်းတွေ ပြန်ဖွင့်နေကြတာဆိုတော့ စိတ်ပူမိပါတယ်။ အားလုံးပဲ အပြင်ထွက်ရင် mask တပ်ကြပါနော်။ လူစုလူဝေးလည်း တတ်နိုင်သလောက်ရှောင်ကြပါ။ လက်ကိုလည်း ခဏခဏဆေးပေးကြပါနော်။ Mask တပ်ပြီး new normal style မှာလည်း လှလှလေး နေလို့ရပါတယ်လို့.......။ ချစ်ရင် Mask တပ်ဖြစ်အောင် တပ်ကြကွာ။”

       မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  စုစုပေါင်း ၃၃၃ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂.၈ သန်းကျော်၊ သေဆုံးသူ ၈ သိန်းခန့်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၅ သန်းကျော် ရှိပြီလို့ သိရပါတယ်။

ဓာတ်ပုံလင့်ခ် -

ဒေါက်တာ ဝင်းမြတ်အေး

https://www.facebook.com/drwinmyataye/

တင်ဇာမော်

https://www.facebook.com/TinZarMawOfficial

ဖွေးဖွေး

https://www.facebook.com/phwayphway.for.fans/

ပိုပို

https://www.facebook.com/PoPoOfficialpage/?__tn__=kC-R&eid=ARAFDx3vTH9LXHe721PaHSpHLk03fP7CSwy4IAScLgwR-HjhRAgbA6MHqBKJU7x-p2vOqhuQPe_qlLsh&hc_ref=ARToe3PY43Mo0Wpt9obtwUaXxSnB3XZlaRMuf47lnQmBtjGMgEBh7OpxbyYQaUvWkRo&__xts__[0]=68.ARC9f17hRGfIUcoTSPaWbIovf2D6GHzJCIIQmfPR9Q2SpFbzLPG4Kny7-v9ShmJC54-kf1tsTRXQ9baWoYOZT_dQFqEhkaSSI15Bkb1WRvmtjiHvEs03LFi5wHYTxhqhP3Qo20ydcj_fVMdWod0SkS5Ylot5uuZHqs2Td1g1a235USZaL2cxkGo61HUIUEe8bsTFurvxG55_WNe31MGpjvduoEkeGnZyrjj1L9_66w0esmIPnsukdfgGQWDHI-1_1ZZxdvun3wZ9QlNVaz3iZMCT8TGWsqcy9vZ0PuEqyKLRs7HCLuNDGhpTYD85-IlgSp5lKWqHY-zh0Xw

 

ဖြိုးပြည့်စုံ

https://www.facebook.com/phyopyaesonepage/

 

စန္ဒီမြင့်လွင်

https://www.facebook.com/SandyMyintLwinDD/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013