DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်ကျောင်းသားများအတွက် အဆောင်များ လိုအပ်
DVB
·
June 13, 2013
ဒုက္ခသည်ကျောင်းသားများအတွက် အဆောင်များ လိုအပ်
Donate to DVB

ကချင်ပြည်နယ် ဒုက္ခသည်စခန်း ၅ ခု ကနေ မိုင်ဂျာယန်မှာ ကျောင်းလာတက်တဲ့ ကျောင်းသားတွေ အတွက် နေထိုင်စရာ အဆောင်တွေ လိုအပ်နေတယ်လို့ အကူအညီပေးရေး အဖွဲ့က ပြောပါတယ်။

မန်စီ၊ လွယ်ဂျယ်၊ မိုးမောက်မြို့နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်း ၅ ခုက ထောင်ချီတဲ့ အထက်တန်းနဲ့ အလယ်တန်းကျောင်းသားတွေက မိုင်ဂျာယန်မှာ ကျောင်းလာတက်တဲ့အခါမှာ နေထိုင်ရတဲ့ အဆောင်တွေ မလုံမလောက် ဖြစ်နေတယ်လို့ အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ၀ိန်ပေါင်နိန်းတွဲ အဖွဲ့က ဒေါ်မေရီတွမ်က ပြောပါတယ်။

[caption id="attachment_40582" align="alignright" width="300" caption="မိုင်ဂျာယန် ဒုက္ခသည်စခန်းက ကလေးငယ်များ"][/caption]

ဒုက္ခသည် စခန်း ၅ ခုမှာ ကျောင်းသား ၃၀၀၀ ကျော်ရှိပြီး တချို့အထက်တန်းနဲ့ အလယ်တန်းကျောင်း မရှိတဲ့ စခန်းက ထောင်ချီတဲ့ ကျောင်းသားတွေက မိုင်ဂျာယန်မှာ ကျောင်းတက်ရတာ ဖြစ်ပါတယ်။

ကျောင်းသားတွေ ကြပ်ညပ်နေထိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါ်မေရီတွမ်က အခုလို ရှင်းပြပါတယ်။

“ကျောင်းသားက အတန်းရေ များလာတော့ အလယ်တန်းဘော်ဒါဆောင်မှာဆို သူများရဲ့ အိမ်အဟောင်းထဲမှာ ကျောင်းသားတွေကို စုပြီး ပြတင်းပေါက်မရှိတဲ့နေရာမှာ ထားရတဲ့ အနေအထား ဖြစ်နေတယ်။ လုံခြုံတဲ့အဆောက်အဦတွေနဲ့ လုပ်ပေးဖို့ လိုတယ်။ အလယ်တန်း ဘော်ဒါဆောင်မှာဆို ကလေးတွေက သိပ်များတော့ ထမင်းစားဖို့ စားပွဲတွေတောင် မလုပ်ပေးနိုင်တော့၊ ကလေးတွေက ထမင်းစားမယ်ဆိုရင် အခန်းထဲမှာ၊ လျှောက်လမ်းမှာ၊ တချို့လည်း ရပ်ပြီးစား၊ အဲလိုဖြစ်နေတယ်။ အဲဒီအတွက် အကူအညီတောင်းချင်တာ၊ အခုထိတော့ အကူအညီတွေ မရသေးဘူး။”

ကျောင်းသားအရေအတွက်များတဲ့အတွက်လည်း ကလေးတွေ စားသောက်ရေးဟာလည်း အခြေခံ လုံလောက်မှု မရှိဘူးလို့ သူက ပြောပါတယ်။

လက်ရှိ ဒုက္ခသည်စခန်း အခြေအနေဟာလည်း မေ ၃ ရက်နေ့က လေပြင်မုန်တိုင်း တိုက်ခတ်တဲ့အတွက် ဒုက္ခသည် စခန်း ၃ ခုက ပျက်စီးမှုတွေကို ပြင်ဆင်တာတွေ လုပ်ဆောင်နေသလို ယာယီအနေနဲ့ ဆောက်ထားတဲ့ ဒုက္ခသည်စခန်းက အိမ်တွေကလည်း နှစ်ကာလကြာတာနဲ့ အမျှ ယိုယွင်းလာတယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်တို့အကြားက ၁ နှစ်ကျော်တိုက်ပွဲတွေကြောင့် သိန်းနဲ့ ချီတဲ့ ဒုက္ခသည်တွေဟာ တရုတ် မြန်မာ နယ်စပ်မှာ ခိုလှုံနေရတာ နှစ်ချီကြာမြင့်လာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013