DVB Logo
Home
မြန်မာသတင်း
“ကိုဗစ်အခက် လူငယ့်အချက်” အလုပ်ရုံ ဆွေးနွေးပွဲ ဩဂုတ် ၂၃ ရက် ကျင်းပမည်
DVB
·
August 21, 2020
“ကိုဗစ်အခက် လူငယ့်အချက်” အလုပ်ရုံ ဆွေးနွေးပွဲ ဩဂုတ် ၂၃ ရက် ကျင်းပမည်
Donate to DVB

       “ကိုဗစ်အခက် လူငယ့်အချက်” အမည်နဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် လူငယ်ရေးရာကော်မတီက ဩဂုတ်လ ၂၃ ရက်နေ့မှာ ကြီးမှူးကျင်းပသွားဖို့ ရှိနေပါတယ်။

       ဒီဆွေးနွေးပွဲမှာတော့ Beauty Blogger တယောက်လည်းဖြစ်၊ Social Influencer တယောက်လည်းဖြစ်တဲ့ ဝင်းမင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ဦးထက်ပိုင်တို့နဲ့အတူ တခြား Panelists တွေ ပါဝင်ဆွေး နွေးသွားကြမှာ ဖြစ်ပါတယ်။

       အလုပ်ရုံဆွေးနွေးပွဲကို မနက် ၉ နာရီခွဲကနေ နေ့လယ် ၁ နာရီထိ ဗဟန်းမြို့နယ် SSC ဆေးရုံဘေးက Community Center မှာ ပြုလုပ်သွားမှာဖြစ်ကာ တက်ရောက်လိုတဲ့ လူငယ်တွေကို ဖိတ်ခေါ်ထားပါတယ်။

       ဒီပွဲကိုတော့ ကိုဗစ်စည်းကမ်းနဲ့အညီ လူဦးရေကန့်သတ်ပြီး ကျင်းပရတာဖြစ်တဲ့အတွက် တက်ရောက်ခွင့်လျှောက်ထားတဲ့ လူငယ်တွေရဲ့ အသက်အပိုင်းအခြားနဲ့ နေထိုင်ရာမြို့နယ်တွေကို အခြေခံပြီး လူအနည်းငယ်ကိုသာ ရွေးချယ်ခွင့်ပြုထားတယ်လို့ အနောက်ပိုင်းခရိုင် လူငယ်ရေးရာကော်မတီရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013