Home
မြန်မာသတင်း
ရွှေဝါရောင် ဆရာတော်ဦးစိန္တိတကို ကိုယ်တိုင်ခံဝန် သိန်း ၃၀ ဖြင့် အာမခံပေး
DVB
·
August 20, 2020
IMG_0117
IMG_0107
IMG_0072
IMG_0066
IMG_0029
IMG_0013
အသရေဖျက်မှု  ပုဒ်မ (၅၀၀) နဲ့ တရားစွဲဆိုခံထားရတဲ့ ရွှေဝါရောင် ဆရာတော်ဦးစိန္တိတ ကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ဩဂုတ် ၂၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ကိုယ်တိုင်ခံဝန် သိန်း ၃၀ နဲ့ အာမခံပေးခဲ့ပါတယ်။ တပ်မတော်ကို Facebook ပေါ်မှာ ဝေဖန်ရေးသားတဲ့အတွက်ကြောင့် ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို ၂၀၁၉ စက်တင်ဘာ ၈ ရက်နေ့မှာ လယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး သန်းဇော်ဦးက ပြည်ကြီးတံခွန်ရဲစခန်းကို တိုင်တန်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်  မတ် ၅ ရက်နေ့မှာ တရားရုံးက အမှုစွဲတင်ခဲ့တာပါ။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လူမှုကွန်ရက်ပေါ်မှာ ရေးသားတယ်ဆိုပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက နိုင်ငံတော်အကြည်ညိုပျက်စေမှု  ပုဒ်မ ၅၀၅ ကို ဦးတည်ကာ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအမှုကို ပြည်ကြီးတံခွန် မြို့နယ်တရားရုံးက ပြီးခဲ့သည့်နှစ် ဇူလိုင်လက ပယ်ချခဲ့တဲ့အတွက် မန္တလေးခရိုင် တရားရုံးကို တပ်မတော်က ဆက်လက်အယူခံတက်ရာ ပြည်ကြီးတံခွန် မြို့နယ်  တရားရုံးမှာ ပြန်လည်စစ်ဆေးဖို့ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်နေ့က အမိန့်ချခဲ့ပါတယ်။ ဒီအတွက် ရွှေဝါရောင် ဆရာတော်ဦးစိန္တိတအား  နိုင်ငံတော်အကြည်ညိုပျက်စေမှု  ပုဒ်မ (၅၀၅) အစား အသရေဖျက်မှု  ပုဒ်မ ၅၀၀ နဲ့ ပြောင်းလဲစစ်ဆေးဖို့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ဩဂုတ် ၆ ရက်နေ့က အမိန့်ချ မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ Photo - Kaung Zaw Hein / MPA  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024