DVB Logo
Home
Lead Story
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ မြန်မာအိုင်ဒေါစတား နေလင်းကျော်သီချင်းသစ်-“မင်းနဲ့နီးဖို့”(ရုပ်သံ)
DVB
·
August 20, 2020
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ မြန်မာအိုင်ဒေါစတား နေလင်းကျော်သီချင်းသစ်-“မင်းနဲ့နီးဖို့”(ရုပ်သံ)
Donate to DVB

       “မင်းနဲ့နီးဖို့ စောင့်ခဲ့ရတဲ့ နေ့တွေညတွေကြာလွန်းခဲ့… ရှိုက်မက်နွေးထွေး မင်းရဲ့အနမ်းတွေရဖို့… မှေးစက်နားခွင့်မင်းနှလုံးသားမှာ… ကိုယ်ဟာမျှော်လင့်လို့… ကိုယ်စောင့်စားနေခဲ့”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ မြန်မာအိုင်ဒေါစတား တေးသံရှင် နေလင်းကျော်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။

       “မင်းနဲ့နီးဖို့”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ရန်မျိုးနိုင်က ရေး စပ်ပေးထားခဲ့တာဖြစ်ပြီး GOG တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ ပရိသတ်တွေက ခံစား နားဆင်ကြရမှာ ဖြစ်ပါတယ်။

       “အပြုံးလေးများစွာနဲ့… သူဟာရင်ကို လှုပ်ခတ်သွားခဲ့… အသည်းအိမ်ထဲမှာလည်း သူ့ရဲ့ရုပ်ပုံများ… ကိုယ်ရဲ့ညတွေတိုင်း… သူဝင်လာတာကို စိုးမိုးလွန်းခဲ့… အိပ်မက် တွေထဲမှာလည်း သူ့ရဲ့အနားခိုနား… ကိုယ်ဟာအိပ်မက်ထဲရွက်လွင့်နေ… တမ်းတခြင်း လေညှင်း နှလုံးသားလေးကိုခွင်း”

       နေလင်းကျော်ဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်တွေ အားပေးမှုနဲ့အတူ ထင်ရှားလာခဲ့တာပါ။

       မြန်မာနိုင်ငံအနှံ့က ရွက်ပုန်းသီး ဂီတဝါသနာရှင်တွေ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီပြိုင်ပွဲရဲ့ Top Finalists ၁၁ ယောက်ထဲမှာ နေလင်းကျော်ကလည်း တယောက်အပါ အဝင်ဖြစ်ခဲ့ပါတယ်။

       အဲဒီနောက်မှာတော့ ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံး သီတင်းပတ် Performance Show၊ ဒုတိယမြောက် သီတင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်တဲ့ညတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီး တတိယသီတင်းပတ် တက္ကသိုလ် အမှတ်တရ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ မဲအနည်းဆုံး ၂ ယောက်ဖြစ်တဲ့ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးခဲ့ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

       Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီ စဉ်ပြီး Season ၄ ခုရှိခဲ့ပြီဖြစ်ကာ Winner ဆုတွေကိုတော့ စောလားထော်ဝါး၊ သားငယ်၊ ဖြိုးမြတ်အောင်နဲ့ အက်စတာဒေါ့သ်ချင်းဆုန်တို့က ရရှိထားခဲ့တာ ဖြစ်ပါတယ်။

       “အတွေးလေးများစွာထဲ နေရာယူကာ သိမ်းပိုက်ထားခဲ့… အချိန်တိုင်းမှာမင်းကိုပဲ တမ်းတမိနေဆဲ… ကိုယ်ဟာစိတ်ကူးနဲ့ရူးရသူ… မျှော်လင့်ချက်များစွာနဲ့… အတူ ဆုံ နိုင်ချိန်စောင့်ရင်းနဲ့… မင်းနဲ့နီးဖို့ စောင့်ခဲ့ရတဲ့… နေ့တွေညတွေကြာလွန်းခဲ့… ရှိုက်မက် နွေးထွေးမင်းရဲ့အနမ်းတွေရဖို့… မှေးစက်နားခွင့်မင်းနှလုံးသားမှာ… ကိုယ်ဟာ မျှော်လင့် လို့… ကိုယ်စောင့်စားနေခဲ့”

       ခုအသစ်ထွက်ရှိလာခဲ့တဲ့ နေလင်းကျော်ရဲ့ သီချင်းကိုတော့ ဇာတ်လမ်းစတိုရီပုံစံအ နေနဲ့ Myanmar Media 7 က စီစဉ်ရိုက်ကူးထားခဲ့တာဖြစ်ပြီး နေလင်းကျော်နဲ့အတူ မော် ဒယ်လ် သဲနန္ဒာစိုးက အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013