DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့နယ်တွင် တာပိန်မြစ်ရေကြီးပြီး စပါးဧကထောင်ချီ ရေထဲနစ်မြုပ်နေ 
DVB
·
August 19, 2020
မိုးမောက်မြို့နယ်တွင် တာပိန်မြစ်ရေကြီးပြီး စပါးဧကထောင်ချီ ရေထဲနစ်မြုပ်နေ 
1 / 12
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ  ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်ပြီး တာပိန်မြစ်ရေတွေလျှံကျလာတဲ့အတွက် မြစ်ကမ်းဘေးရှိ လယ်ကွင်းထဲကိုရေတွေဝင်ပြီး စပါး ပင်တွေ ဧကပေါင်းထောင်ချီ ပျက်စီးဆုံးရှုံးမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။ 

မနေ့က တနေကုန်မိုးရွာတဲ့အပြင် ဒီကနေ့လည်းမိုးထပ်ရွာနေတဲ့အတွက် လယ်ကွင်းထဲ ရေတွေဝင်တဲ့အပြင် မန်နောင်ရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာလည်း ရေတွေပြည့်နေတယ်လို့ သိရပါတယ်။  

ရွာမှာ ပြီးခဲ့တဲ့လကလည်း ရေကြီးလို့ စပါးပင်ဧက ၁၀၀၀ ကျော်ပျက်စီးခဲ့ပြီး နောက်တ ခေါက်ပြန်စိုက်ထားရာက အခုလိုရေကြီးမှုထပ်ကြုံရတာလို့ မန်နောင်ရွာသား စိုင်း၀ဏ္ဏအောင်က  ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့ကမိုးတနေကုန်ရွာ၊ အခုလည်းရွာနေတယ်။ လယ်ကွက်တွေလည်း ရေထဲမြှုပ်သွား ပြန်ပြီ။ အရင်တခေါက်ထက်ပိုများနေတယ်။ အခုက ၂ ပေ ၃ ပေလောက်ရေတက်နေတယ်။ ဒီ စပါးပင်တွေက အရင်တခေါက်ပျက်စီးသွားလို့ နောက်ထပ် ပြန်စိုက်ထားတာ။ အပင်ကနည်းနည်း ကြီးနေပြီ၊ ဘယ်လိုလာဦးမလဲမသိဘူး။ ရေကတော်တော်နဲ့ပြန်မကျရင် စိုးရိမ်ရပါတယ်။”

မန်နောင်ရွာမှာ ပြီးခဲ့တဲ့လက ရေကြီးလို့ လယ်ကွက်ဧကပေါင်း ၂၇၀၀ ကျော်ရေမြှုပ်ပြီး အမြစ်တွေပုပ်တာ၊ ရွှံ့နွံတွေထဲပါသွားတာကြောင့် လယ်ဧက ၁၀၀၀ ကျော်ပျက်စီးသွားတဲ့အတွက် ပျက်သွားတဲ့စပါးပင်တွေအစား ရွာသားတွေက ကိုယ်ထူကိုယ်ထပြန်စိုက်ခဲ့ရပါတယ်။ 

မိုးမောက်မြို့နယ်တွင်းရှိ တာပိန်မြစ်တလျှောက်မှာ မန်နောင်၊ ခုံစင်း၊ စီကော် စတဲ့ ကျေးရွာအုပ်စု ၃ စုရှိပြီး မန်နောင်ရွာအပြင် ပန်ချိုးဟိုင်၊ နောင်ပေါင်း၊ တာဟိုက်လူင်၊ ခုံဆင့်ရွာသစ်၊ ခုံဆင့်ရွာဟောင်း၊ အောင်တံခွန်၊ ချောင်းဝ၊ စီကော်စတဲ့ရွာမှာလည်း စပါးခင်းထဲရေ တွေဝင်နေကြောင်း၊ ရွာအားလုံးပေါင်းရဲ့ စပါးခင်းတွေဟာ ဧက ပေါင်း ၁၀၀၀၀ ကျော်မယ်လို့ စိုင်း၀ဏ္ဏအောင်က ခန့်မှန်းပြောဆိုပါတယ်။ 

ဒီကနေ့မနက်က ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး၊ မိုးမောက်မြို့ နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ မန်နောင်ရွာရဲ့ ရေကြီးမှုအခြေအနေကို လာရောက်စစ်ဆေးသွားပြီး ပျက်စီးဆုံးရှုံးမှုစာရင်းတွေ ကောက်ယူတင်ပြပေးဖို့ မှာကြားခဲ့ကြောင်း မန်နောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးတာဝန်ကျဝန်ထမ်းကို အေရာလင်းက ဒီဗွီဘီကိုပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013