DVB Logo
Home
မြန်မာသတင်း
အမေရိကန် ကုန်သွယ်ရေးကောင်စီရုံး ရန်ကုန်တွင် ဖွင့်လှစ်မည်
DVB
·
June 12, 2013
Donate to DVB

မြန်မာ-အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုတိုးမြင့်ရေးအတွက် ရန်ကုန်မြို့မှာ အမေရိကန် စီးပွားရေးလုပ်ငန်း ကုန်သွယ်ရေးကောင်စီရုံးကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ဒါကြောင့် အမေရိကန် ကုန်သွယ်မှုကောင်စီရုံးကနေ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ သတင်းအချက်တွေကို ရယူနိုင်မှာဖြစ်တဲ့အပြင် နှစ်နိုင်ငံအတွက် ကုန်သွယ်မှု နှင့်ရင်းနှီးမြုပ်နှံ မှုဆိုင်ရာကိစ္စတွေလည်း တိုးတက်လာမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောပါတယ်။

“အဓိက ကတော့ မြန်မာနှင့်အမေရိကားက ကုန်သွယ်မှု တင်မဟုတ်ဘူး ရင်းနှီးမြှုပ်နှံမှုပါ တိုးလာမယ့် သဘောမှာရှိတယ်။ ဒါကထိရောက်တဲ့ဟာပဲလေ။ ဘာလို့လဲဆိုတော့ ဒီမှာ အမေရိကန်-မြန်မာ ကုန်သွယ်ရေးကောင်စီရုံးကို လာဖွင့်မယ်ဆိုရင် ကိုယ်ကလိုချင်တဲ့ သတင်းအချက်အလက်ကို အလွယ်တကူ သိလို့ရမယ်လေ။ ဒါကြောင့် ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရေးအတွက် ထိရောက်မယ်လို့ ထင်ပါတယ်။”

အမေရိကန်-မြန်မာကုန်သွယ်ရေးကောင်စီရုံးဖွင့်လှစ်ဖို့အတွက် ယခုနှစ်မတ်လက နေပြည်တော်မှာ နှစ်နိုင်ငံ အရာရှိတွေ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကောင်စီဖွင့်လှစ်ရခြင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့မြန်မာနိုင်ငံတို့ အကြား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုမြင့်တင်ရေးအတွက် ရည်ရွယ်ကြောင်း၊ ဒါ့အပြင် ကောင်စီရဲ့လုပ်ငန်းစဉ်တွေအနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ မစ်ရှင်တွေ၊ သတင်းထုတ်ပြန်မှုတွေ၊ အမေရိကန်ကုန်သည်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ကဏ္ဍတွေကို အသိပေးဖို့အတွက် ရည်ရွယ်ထားတယ်လို့ ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ကျန်ရှိနေတဲ့ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေးရေး နဲ့ အမေရိကန်အစိုးရက ပေးအပ်တဲ့ ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေးဖြစ်တဲ့ GSP (Generalized System of Preferences) ရရှိရေးအတွက်လည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာ-အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုက သိသာစွာ ပြောင်းလဲမှု မရှိသေးသော်လည်း မကြာခင်မှာတော့ တိုးတက်မှုရှိလာပါလိမ့်မယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

“အခုလောလောဆယ်တော့ ဘာမှ မတက်သေးဘူး။ဒါပေမယ့် ကျွန်တော်ထင်တာက မကြာခင်မှာတော့ ဟိုဘက်က ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာမယ်လို့ထင်တယ်။အခုချိန်မှာတော့ ဟိုဘက်ကကုမဏီကြီးတွေက မြန်မာပြည်မှာ လာပြီးတော့ရင်းနှီးမြုပ်နှံဖို့လုပ်နေပြီ။ဒါပေမယ့် ဘယ်လောက်အထိလာပြီးတော့လုပ်နေ တယ်ဆိုတာကိုတော့ စာရင်းဇယားက ပြဖို့ခက်တယ်။ရင်းနှီးမြုပ်နှံမှုလာလုပ်လို့ ချက်ချင်းကြီးတော့ အကျိုးအမြတ်ကမရသေးဘူး။ဒီလိုဘဲ ကုန်သွယ်မှုကလဲ ချက်ချင်းကြီးတော့ မရနိုင်သေးဘူး။”
လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံထားရှိမှု ပမာဏက အမေရိကန်ဒေါ်လာ ၂၄၃ ဒဿမ ၅ သန်းကျော်ဖြင့် နိုင်ငံအလိုက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစာရင်းထဲမှာ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013