DVB Logo
Home
မြန်မာသတင်း
လူမှုရေးအကူအညီတခု ထပ်တိုးချဲ့မည်ဟု ဦးကျော်သူပြော
DVB
·
June 12, 2013
လူမှုရေးအကူအညီတခု ထပ်တိုးချဲ့မည်ဟု ဦးကျော်သူပြော
Donate to DVB

ဆင်းရဲနွမ်းပါးပြီး ဆေးဝါးကုသမှု မခံယူနိုင်ဘဲ အရေးပေါ်အခြေအနေဖြစ်နေတဲ့ လူနာတွေကို နာရေးကူညီမှုအသင်းက သံဃာတွေပင့်ဖိတ်ပေးပြီး တရားပေးတာ၊ သရဏဂုံတင်ပေးတာနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးမယ့် ကူညီမှု အစီအစဉ်တခုကို ဇူလိုင်လဆန်း စတင်တော့မှာ ဖြစ်ပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက “ကျန်းမာရေး ချို့ယွင်းလို့ အိမ်မှာကုသနေရသူတွေ၊ ဆေးရုံမှာကုသနေရတဲ့ လူနာတွေအတွက် မဆုံးခင်စပ်ကြား တရားဓမ္မလေးနဲ့ ဘ၀ကူးချင်တယ်၊ တရားနာချင်တယ်၊ သရဏံဂုံတင်ချင်တယ်ဆိုရင် ကျနော်တို့ ဆရာတော်၊ သံဃာတော်တွေကို ပင့်ပြီး အိမ်တိုင်ရာရောက်၊ ဆေးရုံအရောက် ကူညီဖို့လုပ်နေတယ်။ သံဃာတွေကို သင်္ကန်းပါလှူဖို့ လုပ်နေတယ်။ ဘ၀ကူးကောင်းအောင် လုပ်ပေးတာ။ဒါ အင်မတန် မြင့်မြတ်တဲ့ ကုသိုလ်ဖြစ်တယ်၊ ဒါကြောင့် ဒီအစီအစဉ်လေးလုပ်တာ။”

ဒီလူမှုရေး ကူညီမှုအစီအစဉ်အတွက် သီးသန့် မော်တော်ယာဉ်တွေကိုလည်း ဖြည့်တင်းရဦးမယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအခြေအနေ အရေးပေါ်ကြုံနေရသူတွေကို ကူညီပေးမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့နေ ပင်စင်စားတဦးဖြစ်တဲ့ ဦးစိန်ထွန်းက “ဒီဘ၀ ကောင်းစားရေး၊ စိတ်ချမ်းသာရေး။ တမလွန်ဘ၀ ကောင်းစားရေး၊ ချမ်းသာတိုးတက်ရေး ဆောင်ရွက်တာကို ပံ့ပိုးပေးနိုင်မယ်၊ ဒါကောင်းတဲ့ အလုပ်ပါ။ အသက်ကြီးလာတော့ အိပ်ယာထဲလဲနေ၊ ထူထဖို့တောင် လွယ်ကြတာမဟုတ်ဘူးလေ။ ရောဂါတွေရလာရင် ပိုဆိုးတာပေါ့။ အရေးကြီးဆုံးတွေ လုပ်တာ ကောင်းပါတယ်။ ၀မ်းမြောက်တယ်” လို့ ပြောပါတယ်။
၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင် တည်ထောင်ခဲ့တဲ့ နာရေးကူညီမှုအသင်းဟာ လက်ရှိ နာရေးယာဉ်စီးရေ ၁၉ စီးနဲ့ ကူညီပေးနေပါတယ်။ စတင်တည်ထောင်စဉ်ကနေ အခုအချိန်အထိ နာရေးပေါင်း ၁၄၀,၀၀၀ လောက်ကို ကူညီသဂြုင်္ိဟ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013