DVB Logo
Home
မြန်မာသတင်း
မင်းသားနေတိုးက သက်ကြီးလူရွှင်တော်များအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်း
DVB
·
August 18, 2020
မင်းသားနေတိုးက သက်ကြီးလူရွှင်တော်များအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်း
1 / 6
Donate to DVB

       သက်ကြီးလူရွှင်တော်တွေအတွက် သရုပ်ဆောင်မင်းသား နေတိုးက အလှူငွေကျပ် ၁၀ သိန်းလှူဒါန်းလိုက်ပါတယ်။

ဒီအကြောင်းကိုတော့ နေတိုးက သူ့ရဲ့ ဖေ့စ်ဘွခ်ကနေ “ဒီ​နေ့ သက်ကြီးလူရွှင်​​တော်ကြီးများအတွက် ၁၀ သိန်းလှူ​​ဖြစ်ပါတယ်… အလှူ ကို "ပါ​လေရာ"စား​သောက်ကုန် ၅ သိန်းဖို:ဝယ်ယူလှူဒါန်းခဲ့ရာမှာ" လေရာ" မိသားစုနဲ့ ကို​ရွှေမန်းတို့ကလည်း ၅ သိန်းဖိုး ထပ်မံလှူဒါန်း​ပေးခဲ့ပါတယ် စုစု​ပေါင်း ၁၅ သိန်းဖိုး ဖြစ်ပါတယ်ခင်ဗျာ… အခုလှူလိုက်​သော " ပါ​လေရာ" စား​သောက်ကုန်များကိုတော လူ ရွှင်​တော်များမှ ပရိသတ်များကို live လွှင့်​ရောင်းချပေးသွားမှာဖြစ်တယ်လိုသိရပါတယ်… ပရိသတ်များလည်း အမှတ်တရအ​နေနဲ့ ဝယ်ယူအား​ပေးကြလိမ့်မယ်လို့​မျှော်လင့်ပါတယ် ခင်ဗျာ… ပရိသတ်များအားလုံးလဲကုသိုလ်အမျှရကြပါ​စေ”လို့ ရေးသားထားပါတယ်။  

အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နေတိုးဟာ ရခိုင်တိုင်းရင်းသားအနုပညာရှင် တယောက်ဖြစ်ပြီး ၁၉၉၉ ခုနှစ်လောက်က စတင်ကာ အနုပညာလောကထဲ မော်ဒယ်တယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင်အနုပညာအပြင် ဂီတကိုလည်း ဝါသနာပါသူ နေတိုးဟာ ၂၀၀၀ ပြည့်နှစ်မှာ တေးအဘ်လ်ဘမ်တချပ်ထွက်ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ မြူးဇစ်ဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ဆက်လက်သရုပ်ဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး ဗီဒီယိုကတော့ ၂၀၀၁ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “သုံးပတ်” ဗီဒီယို ဇာတ်ကားဖြစ်ကာ နောက်ပိုင်း ၂၀၀၅ ခုနှစ်မှာ ဒါရိုက်တာ မီးပွားရိုက်ကူးပြီး ဇာဂနာ၊ စိုင်း စိုင်းခမ်းလှိုင်၊ မျိုးစန္ဒီကျော်တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ “မင်္ဂလာပါ”၊ ၂၀၀၆ ခုနှစ်မှာ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးပြီး လူမင်း၊ နဝရတ်တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ “ပန်းပျိုးသူတို့ အလင်္ကာ”ရုပ်ရှင်တွေကတော့ နေတိုးရဲ့ ရုပ်ရှင်ခြေလှမ်းအစ ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်။

နောက်ပြီးတော့ နေတိုးဟာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)စီစဉ်ပြီး သရုပ်ဆောင် ထွန်းထွန်း၊ မိုးမိုး၊ ရဲလေး၊ ကျော်ကျော်ဗိုတို့နဲ့အတူ “ထာဝရနှင်းဆီ” အငြိမ့်မှာ လူရွှင်တော် တယောက်အနေနဲ့ ၂၀၀၇ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်

လက်ရှိမှာတော့ နေတိုးဟာ  သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိတဲ့ မင်းသားတလက် ဖြစ်နေခဲ့ပြီဖြစ်ကာ ၂၀၁၁ ခုနှစ်အတွက် “မိုးညအိပ်မက်မြူ”ရုပ်ရှင်၊ ၂၀၁၆ ခုနှစ်အတွက် “နက္ခတ်မှားတဲ့တိုက်ပွဲ”ရုပ်ရှင်၊ ၂၀၁၈ ခုနှစ်အတွက် “တာတေကြီး”ရုပ်ရှင်ကားတွေနဲ့ အ ကောင်းဆုံး အမျိုးသားဇာတ်ဆောင်အကယ်ဒမီထူးချွန်ဆု ၃ ဆု ဆွတ်ခူးရရှိထားပါတယ်။

နေတိုးဟာ အလှူအတန်းရက်ရောတဲ့ သရုပ်ဆောင်မင်းသားတယောက်ဖြစ်ပြီး သိပ်မကြာခင်ကလည်း ဖားကန့်မှာ ထိခိုက်သေဆုံးခဲ့သူများအတွက် ပရဟိတ ဈေးရောင်း ပွဲတော်ကို ငွေကျပ် ၁၀ သိန်း၊ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ညီဖြစ်သူ မင်းသွေးအတွက် ရည်စူး ကာ ရခိုင်စစ်ရှောင်တွေအတွက် တဲအိမ် ၁၅ လုံး၊ ခီမောင်နှံပရဟိတအဖွဲ့က ဦးဆောင် နေတဲ့ ကိုဗစ်ကာလ ချို့တဲ့နွမ်းပါးသူတွေအတွက် Free Cash Program for the Needy (FCPN) ပရဟိတအဖွဲ့ဆီ ငွေကျပ်သိန်း ၃၀ လည်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013