DVB Logo
Home
မြန်မာသတင်း
သံပုရာသီး အရောင်းအဝယ်ဈေးကွက်အေးနေသဖြင့် ခြံရှင်များ၀င်ငွေထိခိုက်
DVB
·
August 18, 2020
သံပုရာသီး အရောင်းအဝယ်ဈေးကွက်အေးနေသဖြင့် ခြံရှင်များ၀င်ငွေထိခိုက်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သံပုရာသီး တင်ပို့ရောင်းချမှုဟာ ခုရက်ပိုင်း ဈေးကွက်မှာ အရောင်းအဝယ်အေးနေတာကြောင့် ဝင်ငွေထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သံပုရာသီးခြံရှင်တွေက ပြောပါတယ်။

သံပုရာသီးတွေ နွေဘက်က အသီးဈေး တစ်လုံးကို ကျပ်  ၁၃ဝ အထိ ရကြပေမယ့် အခုမိုးတွင်းမှာတော့  အသီးပေါက်ဈေး တစ်လုံးကို  ၂၂ ကျပ်အထိပဲ ရရှိကာ အ၀ယ်ဒိုင်တွေက သံပုရာသီးရဲ့ အရည်မရှိရင် မဝယ်ဘူးလို့ ရေးကုန်စည် အဝယ်ဒိုင် ဦးသန်းဝင်းက ပြောပါတယ်။

ရန်ကုန်ပွဲရုံဈေးကွက် အဓိကတင်ပို့မှု အရောင်းအဝယ်က အေးနေပြီး ဝယ်လက်က သိပ်မဆွဲတာကြောင့် ခြံသမားတွေ သံပုရာသီး ဈေးကွက်မရှိတဲ့အပြင် မိုးတွင်းဘက် အသီးတွေ ဆုံးရှုံးပျက်စီးမှုနဲ့ ကြုံရတယ်လို့ ရေး ကုန်စည်အ၀ယ်ဒိုင်တွေက ဆိုပါတယ်။

ရေးမြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေထဲမှာ သံပုရာသီးစိုက်ပျိုးရေးလုပ်ငန်းလည်း အဓိက ဝင်ငွေလမ်းလည်း ဖြစ်သလို ပြီးခဲ့တဲ့ မိုးရာသီက သံပုရာပင်တွေ သဘာဝဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုဒဏ်ကို ခံစားခဲ့ရတာပါ။

အခုနှစ်မှာ ရာသီဥတုဒဏ်ကြောင့် အသီးထွက်နှုန်းလည်း ထပ်မံ ကျဆင်းနေပြီး အခုမိုးတွင်းဘက်မှာ အသီးဈေးတွေ မရကြတဲ့အပြင် ဈေးကွက်ပါ ထိခိုက်နေကြတယ်လို့ သံပရာခြံစိုက်သူတွေက ပြောပါတယ်။

သတင်း - နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013