Home
မြန်မာသတင်း
မြိုင်ရာဇာတွတ်ပီရုပ်ပြ-“အဖေဒဲ့ပီ၏ဘဝမှတ်တမ်း”စာအုပ် ပြန်လည်ထွက်ရှိ
DVB
·
August 17, 2020
117405706_162844921989230_2099832766635005492_o
ငယ်ဘဝဇာတ်ကောင် မြိုင်ရာဇာတွတ်ပီရုပ်ပြ “အဖေဒဲ့ပီ၏ဘဝမှတ်တမ်း”စာအုပ် ပြန်လည်ထွက်ရှိလာပါတယ်။        မြိုင်ရာဇာတွတ်ပီလို့ ပြောလိုက်တာနဲ့ အားလုံးက မြန်မာ့ရုပ်ပြတခေတ်ရဲ့ ဆယ်စု နှစ်နဲ့ချီကြာ ကလေးတွေရဲ့ အသည်းစွဲဇာတ်လိုက်ကျော် ကြုံတိုင်းရွာက မုဆိုးကြီးကို ပြေးမြင်မိကြမှာပါ။        သူနဲ့အတူ တွဲဘက်ပါဝင်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ မသေးမျှင်၊ ဗိုက်ကလေး၊ လူပျိုကြီး စောတင်မောင်စတဲ့ ဇာတ်ကောင်တွေဟာလည်း မပါမဖြစ်တဲ့ အခန်းကဏ္ဍတခု အနေနဲ့ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။        ဒီဇာတ်ကောင်တွေကို ဖန်တီးခဲ့သူကတော့ ကွယ်လွန်သူ ကာတွန်းဆရာကြီး ဆွေမင်း (ဓနုဖြူ) ဖြစ်ပြီး ၁၉၈၆ ခုနှစ်က စတင်ကာ ရွှေသွေးဂျာနယ်မှာ စတင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။        အဲဒီနောက် ၁၉၈၈ ခုနှစ်လောက်မှာတော့ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်နဲ့ လုံးချင်း ကာတွန်းစာအုပ်တွေ ရေးဆွဲထုတ်ဝေခဲ့ချိန်မှာတော့ နိုင်ငံတဝှမ်း မသိသူ မရှိလောက်အောင် ပေါက်ရောက်အောင်မြင်ခဲ့တာပါ။        ဆရာ ဆွေမင်း(ဓနုဖြူ)ဟာ ၁၉၉၇ ခုနှစ်မှာတော့ တတိုင်းမွှေးဂျာနယ်အယ်ဒီတာ ချုပ်အဖြစ် တာဝန်ယူထုတ်ဝေခဲ့ပြီး နောက်ထပ် နာမည်ကြီးစာစောင်တခုဖြစ်တဲ့ သောကြာစာစောင်မှာလည်း အမှုဆောင်အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။        နောက်ထပ် “ဘဝတစ်ခုအမှတ်တရ” အမည်နဲ့ ရေးသားခဲ့တဲ့ ဆောင်းပါးစာစုတွေကို စုစည်းပြီး စာအုပ်ထုတ်ဝေခဲ့ပြီး မကွယ်လွန်မီအချိန်ထိ မြိုင်ရာဇာတွတ်ပီ ကာတွန်း ဗီစီဒီကို ထုတ်လုပ်နိုင်ခဲ့ပြီး အသက် ၄၈ နှစ်အရွယ်၊ ၂၀၀၅ ခုနှစ် နိုဝင်ဘာ၁၁ ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါ တယ်။        ခုလတ်တလောမှာတော့ “အဖေဒဲ့ပီ၏ဘဝမှတ်တမ်း” ရုပ်ပြစာအုပ်ကို ငါတို့စာပေက စာမျက်နှာ ၆၅၀ ပါ စာအုပ်ဆိုဒ်ကြီးအနေနဲ့ အုပ်ရေ ၅၀၀ သာထုတ်ထားပြီး တစ်အုပ်ကို ကျပ် ၁၀၀၀၀ ဈေးနှုန်းနဲ့ ဦးရာလူစနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024