DVB Logo
Home
မြန်မာသတင်း
ရခိုင်နယ်စပ်တလျှောက် အာဆာအကြမ်းဖက်အဖွဲ့ တကျော့ပြန်လှုပ်ရှားမှုများ ရှိနေ
DVB
·
August 17, 2020
ရခိုင်နယ်စပ်တလျှောက် အာဆာအကြမ်းဖက်အဖွဲ့ တကျော့ပြန်လှုပ်ရှားမှုများ ရှိနေ
Donate to DVB

ပါကစ္စတန်အခြေစိုက် သူလျှိုအေဂျင်စီတစ်ခုဖြစ်တဲ့ အိုင်အက်စ်အိုင်(ISI)ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်အုပ်စုတွေကို သင်တန်းပေးရာမှာပါဝင်ပတ်သက်နေပြီး အဓိကရည်ရွယ်ချက်ဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတွေလုပ်ဆောင်ပြီး ဒေသတွင်းနိုင်ငံတချို့ကို မတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ဖြစ်တယ်လို့ အိန္ဒိယ အခြေစိုက် ANI သတင်းမှာဖော်ပြပါတယ်။  

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဂျမားအတယ်လ်မူဂျာဟစ်ဒင်ဘင်္ဂလားဒေ့ရှ် (JMB) အဖွဲ့က ရိုဟင်ဂျာအယောက် ၄၀ လောက်ကို သင်တန်းပေးခဲ့ရာမှာ ISIအဖွဲ့ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း ဘယ်လ်ဂျီယမ်အခြေစိုက် တောင်အာရှဒီမိုကရက်တစ်ဖိုရမ်သုတေသနအဖွဲ့မှ ဒါရိုက်တာ Siegfried O. Wolf ရဲ့ အတည်ပြုပြောဆိုချက်ကို ကိုးကားပြီး DW ဂျာမန်သတင်းကရေးပါတယ်။

ပင်လယ်ကွေ့ဒေသက နိုင်ငံတနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကနေ  ကူညီထောက်ပံပေးတဲ့  ဒေါ်လာ ၁၁၇,၀၀၀ နဲ့  JMB အဖွဲ့က ရိုဟင်ဂျာအယောက် ၄၀ ကို သင်တန်းပေးခဲ့တာလို့လည်း ဂျာမန်သတင်းမှာဖော်ပြပါတယ်။  

JMB အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မြို့တော်ဒါကာရှိ နိုင်ငံခြားသားတွေ အများစု ထိုင်ရာ ကော်ဖီဆိုင်တဆိုင်ကို ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် လူ ၂၂ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ  အဓိကကျူးလွန်ခဲ့တဲ့ စစ်သွေးကြွအဖွဲ့ဖြစ်ပါတယ်။

ပါကစ္စတန် သူလျှိုအေဂျင်စီ-အိုင်အက်စ်အိုင် (ISI)ရဲ့ ရည်ရွယ်ချက်ဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုဆီ ဦးတည်နေတာမို့  ကောက်ဘဇားဒေသက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ ပစ်မှတ်ထားလာနေခဲ့တာကိုလည်း တွေ့လာရတယ်လို့ ဒေသတွင်း စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

အာဆာ(ARSA) အဖွဲ့ကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး၂၀၁၇ ခုနှစ်၊ ဩဂုတ်လတုန်းက  ရခိုင်ပြည်နယ်ထဲက ရဲကင်းစခန်းတွေကို  တိုက်ခိုက်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့တုန်းကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ အာဆာလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး အာဆာအဖွဲ့ဝင် ၂ ဦးကို လက်နက် ၂ လက်နဲ့အတူ  အသေဖမ်းဆီးရမိခဲ့ပါတယ်။

အာဆာအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှု၊ လူသတ်မှု၊ ခြိမ်းခြောက်သိမ်းသွင်းမှုတွေ လုပ်ဆောင်နေပြီး လှုပ်ရှားနေကြတယ်လို့ DW သတင်းက ထုတ်လွှင့်ခဲ့ဖူးပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ အာဆာ အကြမ်းဖက်အဖွဲ့တို့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် ညနေက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး အာဆာအဖွဲ့ဝင် ၂ ဦးကို လက်နက် ၂ လက်နဲ့အတူ  အသေဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

 နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နဲ့  ဘီပီ-၃၅ အကြားအရောက်မှာ မီးဒိုက် ကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုးဘက် ထွက်ခွာလာတဲ့ အာဆာအကြမ်းဖက်သမား ၂၅ ဦးလောက်နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အာဆာအကြမ်းဖက်အဖွဲ့က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်ကလည်း  မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့အနီးမှာ   အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားပြီး သေနတ် ၂လက် ပျောက်ဆုံးသွားတယ်လို့ အောင်ဇူနယ်ခြားစောင့်စခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013