DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ပြီးခဲ့တဲ့ တလအတွင်း ဖေ့စ်ဘွတ်ခ်အကောင့်ပေါင်း ၃ သန်းခန့် တိုးလာ 
DVB
·
August 17, 2020
မြန်မာနိုင်ငံ၌ ပြီးခဲ့တဲ့ တလအတွင်း ဖေ့စ်ဘွတ်ခ်အကောင့်ပေါင်း ၃ သန်းခန့် တိုးလာ 
Donate to DVB

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ တစ်လအတွင်း ဖေ့စ်ဘွတ်ခ်အကောင့်ပေါင်း သိန်း ၃၀ လောက်တိုးလာ တယ်လို့ လူမှုကွန်ရက်တွေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတခုရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Napoleoncat ဆိုတဲ့ လူမှုကွန်ရက်တွေကို စောင့်ကြည့်လေ့လာပြီး နိုင်ငံအလိုက်၊ လူမှု ကွန်ရက်အလိုက်၊ အချိန်ကာလအလိုက် စစ်တမ်းတွေထုတ်ပေးနေတဲ့အဖွဲ့အစည်းက ဖော်ပြထား တာပါ။

၂၀၂၀ ပြည့်နှစ် ဇွန်လက မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ပေါင်း ၂၅,၅၆၀,၀၀၀ ရှိပြီး ဇူလိုင်လမှာတော့ အကောင့်ပေါင်း ၂၈,၅၀၀,၀၀၀ ရှိလာပါတယ်။

တစ်လတည်းမှာပဲ အကောင့်ပေါင်း သိန်း ၃၀ လောက် တိုးလာတာဟာ ရွေးကောက်ပွဲနီးလာလို့ ဖြစ်နိုင်တယ်လို့ နည်းပညာအဖွဲ့အစည်းတခုဖြစ်တဲ့ MIDO (Myanmar ICT for Development Organization) ရဲ့ အမှုဆောင် ဒါရိုက်တာ မထိုက်ထိုက်အောင်က ပြောပါတယ်။

“ဖေ့စ်ဘွတ်ခ်က လူသုံးအများဆုံးဖြစ်သလို သတင်းအချက်တွေရနိုင်တော့ သတင်း အချက်အလက်ရယူဖို့လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အရင်ကလည်း မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်နဲ့ coordinate လုပ်ခဲ့တာရှိတော့ အခုလည်း ဒီလို ဖြစ်မလားလို့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

ဒါဟာ ပုံမှန်တိုးလာနေကျ အရေအတွက်ထက် အဆမတန်တိုးလာတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်က မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်အကောင့်ပေါင်း ၁၉,၈၉၇,၀၀၀ ပဲ ရှိခဲ့ပါတယ်။

လက်ရှိသုံးနေတဲ့ အကောင့်တွေထဲမှာ အမျိုးသားအကောင့်က ၅၇ ရာခိုင်နှုန်းကျော်ရှိပြီး အမျိုးသမီးအကောင့်က ၄၂ ရာခိုင်နှုန်းကျော်ရှိပါတယ်။ အသက်အရွယ်ကနေနဲ့ကတော့ ၂၅ နှစ်ကနေ ၃၄ နှစ်ကြားအဖြစ် အကောင့်တွေမှာ ဖော်ပြထားကြောင်း Napoleoncat က ဆိုပါတယ်။

ထူးခြားတာကတော့ ဖေ့စ်ဘွတ်ခ်ရဲ့ ဆက်သွယ်ရေးအက်ပလီကေးရှင်း မက်ဆင်ဂျာ သုံးစွဲသူဟာ ပြီးခဲ့တဲ့ မတ်လမှာ ၁၃ သိန်းကျော်ရှိခဲ့ရာကနေ ဧပြီလမှာ ၁၄ သိန်းကျော်၊ မေလမှာ ၂၄ သိန်းကျော်ဖြစ်လာခဲ့ပြီး ဇူလိုင်မှာတော့ နည်းနည်း ပြန်လျော့သွားပါတယ်။

အင်စတာဂရမ်သုံးစွဲသူကတော့ ၉ သိန်းခွဲကျော်ပဲ ရှိပြီး မိန်းကလေးတွေက ပိုများပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကလည်း ဖေ့စ်ဘွတ်ခ်အကောင့်တွေ အများအပြားတိုးလာခဲ့ဖူးပြီး ဒါကတော့ ဖုန်းအော်ပရေတာအသစ်တွေဝင်လာတာနဲ့ ရွေးကောက်ပွဲရှိနေတာတိုက်ဆိုင်နေတာကြောင့်လို့ မထိုက်ထိုက်အောင်က ပြောပါတယ်။

အဲဒီအချိန်ကတော့ အကောင့်ပေါင်း သိန်း ၇၀ လောက် တိုးလာခဲ့ပေမယ့် ပုံမှန်သုံးစွဲသူ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

“ဒီကြားထဲမှာတော့ ဖေ့စ်ဘွတ်ခ်အကောင့်က ဒီလို တိုးလာတာ မရှိဘူး။ ပုံမှန်ပဲ တိုးနေတာ။ တွစ်တာကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ပုံမှန်ထက် တိုးလာတာရှိတယ်။ အဲဒီအချိန်က ကိုဗစ်-၁၉  ကပ်ရောဂါကာ စဖြစ်နေတဲ့ကာလပါ” လို့ ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ကတော့ သတင်းတု သတင်းမှားတွေနဲ့ ပတ်သက်ပြီး သတိပေးတာမျိုးကို မြန်မာနိုင်ငံမှာ စတင်လုပ်ပေးနေပြီဖြစ်ပါတယ်။

AFP သတင်းဌာနအပါအဝင် အဖွဲ့အစည်း ၃ ခုနဲ့ ပူးပေါင်းပြီး သတင်းတု သတင်းမှားတွေကို စစ်ဆေးနေပြီး ဖေ့စ်ဘွတ်ခ်မှာတွေ့ရတယ်ဆိုရင် သတိပေးချက်ကို တပါတည်းထည့်သွင်းပြသတာ ကို ပြီးခဲ့တဲ့ လပိုင်းတွေကစလို့ လုပ်ဆောင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013