DVB Logo
Home
သတင်းတို
ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး ဖမ်းဆီးခံရ
DVB
·
June 11, 2013
ပြည်သူ့အကျိုးဆောင်ကွန်ရက်က  ဒေါ်မြင့်မြင့်အေး ဖမ်းဆီးခံရ
Donate to DVB

နတ္တလင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်ထဲက လယ်သမားတွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဇွန် ၁၀ ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုကြောင့်  ဦးဆောင်သူ ၃ ဦးကို ဒီနေ့မနက်မှာ ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

[caption id="attachment_20132" align="alignleft" width="300" caption="ဒေါ်မြင့်​မြင့်​အေး​"][/caption]

လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့  မိတ္ထီလာမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံ ဒေါ်မြင့်မြင့်အေး၊  ဒေါ်ခင်မိမိခိုင်နဲ့ နတ္တလင်းမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးသန့်စင်ထက်တို့ကို နတ္တလင်းမြို့နယ် ရဲစခန်းမှာ  ဖမ်းဆီးကာ ထိန်းသိမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

ဇွန် ၁၀ ရက်နေ့က   ချောင်းကမ်းကြီးကျေးရွာအုပ်စု ချောင်းကမ်းကြီးရွာ၊  ကြို့ပင်သာကျေးရွာ အုပ်စု  လက်ပံပါးပျဉ်းတွေမှာ  လယ်သမားတွေဟာ   မိုးရာသီစပါး စိုက်ဖို့ ၀င်ရောက် ထွန်ယက်ကြတာဖြစ်ပြီး    ရဲက  တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက် ဖြစ်အောင် လုပ်တယ်ဆိုတဲ့စွဲချက်နဲ့ ဒေါ်မြင့်မြင့်အေးအပါအ၀င် ၃ ဦးကို ဖမ်းဆီးထားတာပါ။ ဒါပေမယ့် အမှုတော့ မဖွင့်သေးဘူးလို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013