DVB Logo
Home
မြန်မာသတင်း
ကလေး ၂ ဦးထက်မပိုရ ကန့်သတ်ချက် ၀န်ကြီး ဦးခင်ရီ ထောက်ခံ
DVB
·
June 11, 2013
ကလေး ၂ ဦးထက်မပိုရ ကန့်သတ်ချက် ၀န်ကြီး ဦးခင်ရီ ထောက်ခံ
Donate to DVB

[caption id="attachment_27225" align="alignright" width="300" caption="ဦးခင်ရီ"][/caption]

ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ တအိမ်ထောင် ကလေး ၂ ယောက်ထက် မပိုရ ဆိုတဲ့ကန့်သတ်ချက်ကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထောက်ခံလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိကြတဲ့ ဘင်္ဂါလီအမျိုးသမီးတွေမှာ ကလေးတွေ အများကြီး ရှိနေပြီး တချို့နေရာတွေမှာ တမိသားစုတည်းမှာကို ကလေးက ၁၀ ယောက်နဲ့ ၁၂ ယောက်လောက် ရှိနေတယ်လို့လည်း ဦးခင်ရီက ဆိုပါတယ်။

ကလေးတွေ အာဟာရပြည့်ဝကြဖို့၊ ကျောင်းတက် ပညာသင်နိုင်ဖို့၊ ဂရုစိုက်ထိန်းသိမ်းစောင့်ရှောက်ဖို့တွေ မလွယ်ဘူးလို့လည်း ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဦးခင်ရီက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၆၀ မှာ အဲဒီဘင်္ဂါလီတွေက အရင်ခန့်မှန်းထားတဲ့ ၈ သိန်းထက် ကျော်လွန်ပြီး လူဦးရေ ၁ ဒဿမ ၃၃ သန်းရှိနေတယ်လို့ ဦးခင်ရီက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာပဲ ၁ ဒဿမ ၀၈ သန်း ရှိနေတာဖြစ်ပြီး လူဦးရေ ၄ သောင်းလောက်ကပဲ နိုင်ငံသားဖြစ်ခွင့် ရရှိထားတယ်လို့ ဆိုပါတယ်။

တအိမ်ထောင် ကလေး ၂ ယောက် ပေါ်လစီဟာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့က ထုတ်ပြန်ထားတဲ့အမိန့် မဟုတ်ပဲ ဒေသအာဏာပိုင်တွေ အောက်ခြေအဆင့်မှာ လုပ်ဆောင်နေကြပုံ ပေါ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။

ဒါပေမယ့် ဒီမူဝါဒဟာ ချို့တဲ့နွမ်းပါးတဲ့ မိသားစုကြီးတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို လျော့နည်းသွားစေပါလိမ့်မယ်လို့ ဆိုပါတယ်။

ဆင်းရဲပြီး ပညာမတတ်တဲ့ ဘင်္ဂါလီအမျိုးသမီး အားလုံးနီးပါးအတွက် ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မလွယ်ကူတာကြောင့် သူ့အမြင်အရ ဒီလူတွေအတွက် ကလေး ၂ ယောက် သို့မဟုတ် ၃ ယောက် ပေါ်လစီဟာ အလောတော်ပါပဲလို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ ဒါဆို ဒီမူဝါဒကို ထောက်ခံပါသလားလို့ မေးမြန်းရာမှာ Yes လို့ ပြန်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီမူဝါဒကို နိုင်ငံတကာက ၀ိုင်းဝန်းရှုံ့ချထားပြီး ကုလသမဂ္ဂကလည်း ဒါကို မကျင့်သုံးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမူဝါဒဟာ လူ့အခွင့်အရေးနဲ့ မညီတဲ့ ခွဲခြားဆက်ဆံခြင်းပဲလို့ ဝေဖန်ထားပါတယ်။

ရိုဟင်ဂျာတွေဟာ ၁၈၂၄ ကနေ ၁၉၄၈ ခုနှစ်အကြား ကိုလိုနီခေတ်အတွင်းက ရောက်ရှိလာကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်နေထိုင်တဲ့ မွတ်စလင်တွေလို့ မြန်မာအစိုးရက ပြောထားပါတယ်။ ဘဂါင်္လီဆိုတဲ့ အသုံးအနှုန်းဟာ မြောက်ပိုင်းမှ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် နေထိုင်သူတွေလို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာဆိုတာ မပါဝင်ဘူးလို့ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေက ဆိုထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း သူတို့ကို လက်မခံပဲ ၁၉၉၂ ခုနှစ်ကတည်းက ဒုက္ခသည်အဆင့်အတန်း သတ်မှတ်ပေးဖို့ကိုလည်း ငြင်းပယ်ထားတာကြောင့် ရိုဟင်ဂျာဆိုတဲ့အုပ်စုဟာ နိုင်ငံမဲ့သူတွေ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013