DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်ချစ်သုဝေ၏ဖခင်ကို တရားစွဲဆိုထားသည့်အမှု ပလပ်
DVB
·
August 14, 2020
သရုပ်ဆောင်ချစ်သုဝေ၏ဖခင်ကို တရားစွဲဆိုထားသည့်အမှု ပလပ်
Donate to DVB

သရုပ်ဆောင်ချစ်သုဝေရဲ့ ဖခင်ကို တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး   ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးက လက်သင့်မခံဘဲ ပလပ်လိုက်ပါတယ်။

သရုပ်ဆောင်ချစ်သုဝေရဲ့ ဖခင်ဦးဇော်ဝင်းရေးဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ ကားနဲ့ပတ်သက်ပြီး  သာသနာညိုးနွမ်းစေတဲ့ဆိုတဲ့အကြောင်းအရာတွေ ပါဝင်တယ်ဆိုကာ အမျိုးသားရေးအဖွဲ့ရှေ့နေက ဦးဆောင်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထား ခဲ့ပါတယ်။ 

အဲ့ဒီအမှုကို ဩဂုတ် ၅ ရက်နေ့က နှစ်ဖက်လျှောက်လွှဲချက်ကြားနာခဲ့ပြီး ဩဂုတ်လ ၁၄ ရက်နေ့မှာ ရုံးတော်ကအမှုကို လက်မခံဘဲ ပလပ်လိုက်တာပါ။ 

အခုလိုပလပ်လိုက်တာနဲ့ပတ်သတ်ပြီး ဦးဆောင်စွဲဆိုခဲ့တဲ့ ရှေ့နေကတော့ အမှုတစ်ခုချင်းစီ ခွဲထုတ်ပြီး သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ပြန်လည်စွဲဆိုသွားဖို့ စီစဉ်နေပါတယ်။ 

အဲ့ဒီအမှုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ကစတင်ပြီး သင်္ကန်းကျွန်းမြို့နယ်တရားရုံးမှာ အမျိုးသားရေးအဖွဲ့တွေနဲ့ သူ့ရဲ့ရှေ့နေတွေကဦးဆောင်ပြီး ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013