DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ပြိုင်မည်
DVB
·
August 13, 2020
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ပြိုင်မည်
Donate to DVB

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီဟာ လာမယ့် နိုဝင်ဘာ ၈ ရက်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းနေရာ  ၈  နေရာ ဝင်ပြိုင်ဖို့ ကော်မရှင်ရုံးမှာ စာရင်းတင်သွင်းထား​ပါတယ်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ နာယက ဦးကျော်မင်းက “မူလရည်ရွယ်ချက်က နေရာများစွာပါဝင်ပြီးပြိုင်ဖို့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ မောင်တောခရိုင်မှာ ၄ နေရာနဲ့ စစ်တွေမှာ ၁ နေရာ၊ ရန်ကုန်မှာ ၃ နေရာ စုစုပေါင်း ၈ နေရာ ဝင်ပြိုင်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့  မောင်တောမြို့နယ်မှာ ပြည်သူလွှတ်တော် ၁ နေရာ၊ ဘူးသီးတောင်မြို့နယ်မှာ ပြည်သူလွှတ်တော် ၁ နေရာ၊ ပြည်နယ်မဲဆန္ဒနယ်တွေမှာ ၂ နေရာ၊  စစ်တွေခရိုင်မှာ ပြည်သူလွှတ်တော် ၁ နေရာအပြင် ရန်ကုန်မြို့မှာ ၃ နေရာ စုစုပေါင် ၈ နေရာဝင်ရောက်ဖို့ စာရင်းတင်သွင်းထားကြောင်း သိရပါတယ်။

“အခုလို ကျနော်တို့ပါတီ ရွေးကောက်ပွဲဝင်ပြိုင်ရတာက ဗြိတိသျှလက်ထက်မှ ၂၀၁၀ အထိ မွတ်ဆလင်ပါတီတွေဟာ ရွေးကောက်ဝင်ရောက်ယှဉ်နိုင်ခဲ့ကြတယ်။ အမတ်တွေလည်း ရှိခဲ့တယ်။ ဝန်ကြီးအထိရှိခဲ့တယ်။ ၂၀၁၅ ခုနှစ်က စပြီး ကွင်းဆက်ပြတ်နေတယ်။ ဒီကွင်းဆက် မပြတ်ရအောင် အခုလိုပထမဆုံးအကြိမ်ဝင်ပြိုင်ဖို့ စာရင်းတင်သွင်းတာဖြစ်တယ်။ ဒီတခါတော့ နိုင်ငံတော်ကလည်း ခွင့်ပြုမယ်လို့ယူဆတယ်။"လို ပါတီနာယက ဦးကျော်မင်းက ပြောပါတယ်။

ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၁၈ နေရာဝင်ပြိုင်ဖို့ စာရင်းတင်သွင်းခဲ့ပေမယ့် ရိုဟင်ဂျာနာမည်နဲ့ စာရင်းသွင်းခဲ့တဲ့အတွက်  ၁၅ ဦးကို ထုတ်ပယ်ခံရသလို  အရပ်သား မွတ်ဆလင်တွေလည်း မဲထည်ခွင့်မရခဲ့ဘူးလို့   ဦးကျော်မင်းက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ပါတီကို ၁၉၈၉ မှာ အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ အဖြစ် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄ နေရာ အနိုင်ရရှိခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ ပါတီကို ဖျက်သိမ်းခဲ့ပြီး ၂၀၁၃ မတ်လ ၁၃ ရက်မှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီအဖြစ်  တည်ထောင်ခဲ့ပြီး ပါတီဝင်အရေအတွက် ၁၀.၀၀ဝ လောက် ရှိ​ကာ ဗိုလ်တထောင်မြို့နယ်နဲ့ ရန်ကုန်တိုင်းမှာ အခြေစိုက်ထားတဲ့ ပါတီတစ်ခုဖြစ်ကြောင်း သိရပါတယ်။

မောင်တောခရိုင်အတွင်း ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ မြိုတိုင်ရင်းသားပါတီ စတဲ့ ပါတီ ၇ ခုဝင်ပြီး ကိုယ်စားလှယ်လောင်းတွေအနေနဲ့  မောင်တောမြို့မှာ ၁၀ ဦးနဲ့ ဘူးသီးတောင်မြို့နယ်မှာ ၂၀ ဦးရှိခဲ့​ပြီးပါတယ်။

 ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေက ညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊  ရခိုင်ဦးဆောင်ပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးရေးပါတီ စတဲ့ ၁၀ ပါတီက ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းသူ ၄၇ ဦးရှိပြီး  တသီးပုဂ္ဂလ ၇ ဦး ပါဝင်ကြောင်း ခရိုင်ကော်မရှင်ရုံးကနေ သိရပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013