DVB Logo
Home
မြန်မာသတင်း
 ဇနီးဖြစ်သူကို အာမခံပေးသင့်ဟု သရုပ်ဆောင်မင်းရာဇာ ပြော DVB
DVB
·
August 12, 2020
 ဇနီးဖြစ်သူကို အာမခံပေးသင့်ဟု သရုပ်ဆောင်မင်းရာဇာ ပြော  DVB
Donate to DVB

သရုပ်ဆောင်မင်းရာဇာအပါအဝင် ၃ ဦးအမှုကို ဒီကနေ့ မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် တရားလိုမလာရောက်နိုင်တဲ့အတွက် ရုံးချိန်းမစစ်ဆေးဖြစ်ခဲ့ပါဘူး။

ရုံးချိန်းကို နောက်အပတ် ၁၉ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပြီး အမှုမှာ တရားလိုပြသက်သေ ၁၄ ဦးတင်သွင်းထားရာမှ ၁၂ ဦးစစ်ဆေးဖို့ ကျန်နေပါတယ်။

ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ မင်းရာဇာရဲ့ဇနီးဖြစ်သူအာမခံလျှောက်ထားတာကို ရုံးတော်က ပယ်ချခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ အပြင်မှာ ကျန်ခဲ့တဲ့ ကလေးတွေ ကျောင်းတက်ဖို့ ကိစ္စတွေရှိတဲ့အတွက် ဇနီးဖြစ်သူကို အာမခံပေးသင့်တယ်လို့ ဒီကနေ့တရားရုံးအထွက်မှာ မင်းရာဇာ က ပြောဆိုပါတယ်။

သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ -၃၂၄/၃၂၅/၃၅၄/၁၁၄ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013