DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်ပုံပါ ၁ ဒေါ်လာ ဒင်္ဂါးပြား ထုတ်လုပ်မည်
DVB
·
July 16, 2026
Photo: TREASURY SECRETARY SCOTT BESSENT VIA X / REUTERS
Photo: TREASURY SECRETARY SCOTT BESSENT VIA X / REUTERS
Donate to DVB

အမေရိကန်နိုင်ငံရဲ့ နှစ် ၂၅၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မျက်နှာပုံပါတဲ့ အမေရိကန် တဒေါ်လာတန် ဒင်္ဂါးပြားတွေကို စတင်ထုတ်လုပ်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆန့်က ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။

ဒီဒင်္ဂါးပြားရဲ့ မျက်နှာစာမှာ “Liberty”၊ “In God We Trust” နဲ့ “1776-2026” စတဲ့ စာသားတွေ ပါဝင်ပြီး ကျောဘက်မှာတော့ သမ္မတတံဆိပ်တုံးပါ အမေရိကလင်းယုန်ငှက် ပါဝင်မှာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ထုတ်ပြန်ခဲ့တဲ့ မူကြမ်းကို ပြင်ဆင်ထားတာဖြစ်ပြီး မူလဒီဇိုင်းမှာတော့ ၂၀၂၄ ခုနှစ်က လုပ်ကြံခံရမှုကနေ လွတ်မြောက်စဉ် ထရမ့်ပ်က လက်သီးလက်မောင်းတန်းပြီးတော့ “fight, fight, fight” လို့ ကြွေးကြော်တဲ့ စာသားတွေနဲ့ ဖော်ပြထားတာပါ။

ဒီဒင်္ဂါးပြားအတွက် ဂုဏ်ယူတယ်လို့ သမ္မတ ထရမ့်ပ်က ပြောပါတယ်။ ဝေဖန်သူတွေကတော့ ၂၀၂၀ ပြည့်နှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ သက်ရှိထင်ရှားရှိနေသူရဲ့ ပုံကို ငွေကြေးမှာ အသုံးပြုခွင့် တားမြစ်ထားတဲ့အတွက် ဒီ,ဒီဇိုင်းရဲ့ တရားဝင်မှုအပေါ် မေးခွန်းထုတ်နေကြပါတယ်။

ဒါပေမဲ့ ဇူလိုင် ၁၄ ရက်က ထုတ်လွှင့်ခဲ့တဲ့ Fox News နဲ့ အင်တာဗျူးမှာတော့ အမေရိကန်နိုင်ငံရဲ့ ၁၅၀ ပြည့် နှစ်ပတ်လည်တုန်းကလည်း သမ္မတ ကယ်လ်ဗင် ကူးလစ်ချ်ရဲ့ပုံကို သုံးခဲ့တယ်လို့ ဘက်ဆန့်က ထောက်ပြပါတယ်။

“ဒါကြောင့် သက်ရှိထင်ရှားရှိသူတွေရဲ့ ပုံကို ဒင်္ဂါးပြားပေါ်မှာ ထည့်သွင်းနိုင်ပါတယ်” လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာတော့ ဒီဒင်္ဂါးပြားကို ဖီလာဒဲလ်ဖီးယားမြို့မှာ စတင်သွန်းလုပ်နေပြီ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013