DVB Logo
Home
မြန်မာသတင်း
ဝေးလံဒေသက ကျန်းမာရေးချို့တဲ့ ကလေးတွေကိုကူညီဖို့ ကလေးအထူးကုဆရာဝန် ဖြစ်ချင်တယ် - မမေသက်ထွန်း
DVB
·
August 10, 2020
ဝေးလံဒေသက ကျန်းမာရေးချို့တဲ့ ကလေးတွေကိုကူညီဖို့ ကလေးအထူးကုဆရာဝန် ဖြစ်ချင်တယ် - မမေသက်ထွန်း
Donate to DVB

စစ်ဖြစ်တဲ့ဒေသနဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေက ကျန်းမာရေးချို့တဲ့နေတဲ့ ကလေးငယ်တွေကို ကူညီနိုင်ဖို့ ကလေးအထူးကုဆရာဝန် တစ်ယောက်ဖြစ်ချင်တယ်လို့ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ တနိုင်ငံလုံး အမှတ်အများဆုံး ပထမဆုရှင်က ပြောပါတယ်။

၂၀၁၉ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းကို ကိုဗစ်- ၁၉ ကြောင့် အရင်လို စာစစ်ဌာနကျောင်းတွေမှာ မကပ်ထားဘဲ အွန်လိုင်းကနေ သြဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။



ဒီနှစ်မှာ ၂၀၁၉-၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားအရေအတွက်ဟာ ၉ သိန်း ကျော် ရှိပါတယ်။ ဒီထဲမှာ ကျောင်းသား ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့ပါတယ်။ ဒီအောင်မြင်တဲ့ သူတွေထဲ ဂုဏ်ထူးရတဲ့ ကျောင်းသားအရေအတွက်က ၆၁၃၇၅ ဦး ရှိခဲ့ပါတယ်။

ဒီထဲမှာ အထက (၁) ဒဂုံကနေ ခုံနံပါတ် ဆဒဂ-၁၉၀ ကျောင်းသူ မမေသက်ထွန်းက ရမှတ် ၅၅၂ နဲ့ တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရရှိပါတယ်။ မွေးချင်းမောင်နှမ နှစ်ဦးထဲ သူမက အငယ်ဆုံးသမီးဖြစ်ပြီး သူမ အစ်ကိုဖြစ်သူကလည်း လက်ရှိ ဆေးကျောင်းတက်နေသူတစ်ယောက် ဖြစ်ပါတယ်။

သားသမီးနှစ်ယောက်စလုံးက ကျောင်းပညာထူးချွန်ထက်မြက်ပြီး လိမ္မာယဉ်ကျေးတဲ့သူအဖြစ် မိဘဆွေမျိုးတွေအကြား ဂုဏ်သတင်းမွှေးပျံ့နေတာပါ။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ကိုယ်ပိုင်စာကျက်ချိန်ကို အများဆုံး ပြင်ဆင်ထားပြီး ကျောင်းနဲ့ ကျူရှင်သင်ကြားမှုကိုလည်း အစဉ်မပြတ် လေ့လာသင်ယူခဲ့ရတယ်လို့ ၂၀၁၉ - ၂၀၂၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တနိုင်ငံလုံး ပထမဆုရှင် မမေသက်ထွန်းက ပြောပါတယ်။

ငယ်စဉ်ကလေး မူကြိုအရွယ်ကတည်းက ကျောင်းနေပျော်ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာသလို ကျောင်းဘာသာရပ်နဲ့ ပတ်သက်ရင် မပျင်းရိ ကြိုးစားသင်ယူတက်လေ့ရှိတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

သားသမီးတွေရဲ့ ပညာရေးကို မြေတောင်မြှောက်ပံ့ပိုးတဲ့ မိဘနှစ်ပါးကတော့ မျှော်လင့်ထားတဲ့ The Whole Burma First ပထမဆုရှင် ဖြစ်လာတဲ့အပေါ် အတိုင်းမသိ ဝမ်းသာဂုဏ်ယူနေပါတယ်။ သမီးဖြစ်သူရဲ့ ရည်မှန်းချက်အတိုင်း အမြဲတမ်းပံ့ပိုး လုပ်ဆောင်ပေးမယ်လို့ မိခင်ဖြစ်သူ ဒေါ်ခိုင်မေလတ်က ပြောပါတယ်။

စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာတဲ့ အသိပညာအရ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ကျန်းမာရေးချို့တဲ့နေတဲ့ ကလေးငယ်တွေကို ကူညီချင်လို့ ကလေးအထူးကု ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ မမေသက်ထွန်းက အနာဂတ်ရည်မှန်းချက်ကို အခုလို ပြောပြပါတယ်။

ငယ်စဉ် ကလေးဘဝကတည်းက ကျောင်းပညာမှာ ထူးချွန်ထက်မြတ်တဲ့ သူမဟာ အားတဲ့အချိန် စာပေဖတ်ရှုတာနဲ့ ရေကူးတာတွေ လုပ်ဆောင်လေ့ ရှိပါတယ်။

နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013