DVB Logo
Home
မြန်မာသတင်း
ညောင်​လေးပင်ခရိုင်တွင် ကမ္ဘာလုံးဆိုင်ရာဌာနေလူထုနေ့ ကျင်းပ၊ အချက် ၄ ချက် တောင်းဆို
DVB
·
August 10, 2020
ညောင်​လေးပင်ခရိုင်တွင် ကမ္ဘာလုံးဆိုင်ရာဌာနေလူထုနေ့ ကျင်းပ၊ အချက် ၄ ချက် တောင်းဆို
1 / 6
Donate to DVB

​ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်​လေးပင်ခရိုင်မှာ သြဂုတ် ၉ ရက်နေ့က ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာဌာနေ လူထုနေ့အခမ်းအနားကို ကျင်းပခဲ့ပြီး ဌာနေတိုင်းရင်းသားများရဲ့ လူမှုဘဝလုံ​ခြုံမှုရှိစေဖို့အပါအဝင် အချက် ၄ ချက်တောင်းဆိုခဲ့ကြပါတယ်။

​ညောင်​လေးပင်ခရိုင် မုန်းမြို့နယ် တပ်ကုန်းခန်းမနဲ့ ကျောက်ကြီးမြို့နယ် ဘုရား​လေးကုန်း တို့မှာ ကမ္ဘာလုံးဆိုင်ရာ ဌာ​နေလူထုအခမ်းအနား​နေ့ကို ပထမအကြိမ်ကျင်းပခဲ့တာ​ဖြစ်​ပြီ အချက်​ ၄ ချက်ကို ​တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

ဌာနေတိုင်းရင်းသားလူမှုဘဝကို အသိအမှတ်ပြုပေးရေး၊ ဌာနေတိုင်းရင်းသားတွေပိုင်တဲ့ မြေ​တွေကို ဌာနေတိုင်းရင်းသားလက်ဝယ်တွင်ရှိရေး၊ ဌာနေတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ကို မဖျက်ဆီးရေး၊ ဌာနေတိုင်းရင်းသားများရဲ့ လူမှုဘဝလုံ​ခြုံမှုရှိစေဖို့ နှစ်ဖက်အစိုးရက ကတိကဝတ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စတဲ့အချက်လေးချက်ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

လူထုနေ့အခမ်းအနားကို မုန်းမြို့နယ် တပ်ကုန်းခန်းမမှာ အင်အား ၂၅၀ နဲ့ ကျောက်ကြီးမြို့နယ် ဘုရားလေးကုန်းမှာ အင်အား ၅၇၀ ကျော်တို့ တက်ရောက်ခဲ့ပြီ ဒေသတွင်း ကျေးရွာတွေက ကရင်တိုင်းရင်းသားတွေ တက်ရောက်ခဲ့တာလို့ စောစိပယ်တယ်က ဒီဗွီဘီ ကို ပြောပါတယ်။

ပထမဆုံးအကြိမ်ကျင်းပတာဖြစ်တာကြောင့် လိုအပ်ချက်တွေ အနည်းငယ်ရှိကာ ဘာသာရေးအနေနဲ့ ဆုတောင်းတာတွေပြုလုပ်ခဲ့ကြပြီး ​နောက်နှစ်​တွေမှာ ကျယ်ကျယ်​ပြန့်​ပြန့်လုပ်သွားမယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ဌာနေ တိုင်းရင်းသားတွေပိုင်တဲ့ မြေရာတွေ ဖျက်ဆီးမခံရဖို့အတွက် ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားနေ့ကို ကျင်းပတာလို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးဖို့၊ ဌာနေတိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်​မြေတွေ မဖျက်ဆီးဖို့အတွက် ၂၀၁၉ ခုနှစ်မှာ ကျေးရွာ သုံးရွာက ဌာနေတိုင်းရင်းသား ၄၀၀ ကျော်က လတ်မှတ်ထိုး တောင်းဆိုခဲ့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013