DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၆ သောင်းကျော်ရှိ၊ ရန်ကုန်တိုင်းက အများဆုံးဖြစ်
DVB
·
August 9, 2020
တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၆ သောင်းကျော်ရှိ၊ ရန်ကုန်တိုင်းက အများဆုံးဖြစ်
Donate to DVB

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသူတွေထဲမှာ ဂုဏ်ထူးရသူပေါင်း ၆ သောင်းကျော်ရှိပြီး ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ ဂုဏ်ထူးရသူပေါင်း ၆၁၃၇၅ ယောက်ရှိပြီး ၆ ဘာသာဂုဏ်ထူး ၇၉၇ ယောက်၊ ၅ ဘာသာဂုဏ်ထူး ၁၈၃၁ ယောက်၊ ၄ ဘာသာ ဂုဏ်ထူးရသူ ၂၉၇၆ ယောက်၊ ၃ ဘာသာ ဂုဏ်ထူးရသူ ၅၆၆၂ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရသူ ၁၂၉၅၇ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရသူ ၃၇၁၅၂ ယောက်ရှိပါတယ်။

ရန်ကုန်တိုင်းထဲမှာ စာမေးပွဲဖြေဆိုသူ ၄၀၉၆၃ ယောက်ရှိပြီး ဂုဏ်ထူးရသူပေါင်းက ၁၁၇၄၁ ယောက်ရှိပါတယ်။ ဒီထဲမှာ ၆ ဘာသာဂုဏ်ထူးရသူက ၂၃၅ ယောက်ရှိတာကြောင့် တနိုင်ငံလုံးအနေနဲ့ဆိုရင် ဒုတိယအများဆုံးဖြစ်ပါတယ်။

မန္တလေးတိုင်းကတော့ ဂုဏ်ထူးရသူ စုစုပေါင်းမှာ တနိုင်ငံလုံးအနေနဲ့ တတိယအများဆုံး ဖြစ်ပေမယ့် ၆ ဘာသာဂုဏ်ထူးရသူ ၃၄၅ ယောက်ရှိတာကြောင့် အများဆုံးဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းကတော့ ဂုဏ်ထူးရသူပေါင်း ၁၀၄၄၁ ယောက်ရှိတာကြောင့် ဒုတိယအများဆုံးဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရသူ ၄၅ ယောက်ပဲရှိလို့ တနိုင်ငံလုံးအနေနဲ့ တတိယအများဆုံးဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ ၆ ဘာသာ ဂုဏ်ထူးရသူ ၄၉ ယောက်ရှိပြီး ဂုဏ်ထူးရသူပေါင်းက ၈၀၀၄ ယောက်ရှိပါတယ်။

၆ ဘာသာဂုဏ်ထူးရသူမရှိတဲ့ ပြည်နယ်နဲ့တိုင်းတွေကတော့ ကယား၊ ချင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ နိုင်ငံခြား စာစစ်ဌာနတို့ ဖြစ်ပါတယ်။

ဘာသာရပ်အလိုက် ဂုဏ်ထူးရကြတာမှာတော့ ဇီဝဗေဒဘာသာရပ်ကို ဂုဏ်ထူးရသူ ၃၂၃၁၁ ယောက်ရှိလို့ အများဆုံးဖြစ်ပြီး သင်္ချာဂုဏ်ထူးရသူ ၁၇၈၅၄ ယောက်၊ ဓာတုဗေဒ ဂုဏ်ထူးရသူ ၁၄၅၀၅ ယောက်ရှိပြီး အင်္ဂလိပ်စာကိုတော့ ဂုဏ်ထူးရသူ ၂၇၀၅ ယောက်ပဲ ရှိလို့ အနည်းဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013