DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲတွင် ဒဂုံအထက ၁ ကျောင်းသူက အမှတ်အများဆုံးဖြစ် အောင်မြင်
DVB
·
August 9, 2020
တက္ကသိုလ်ဝင်စာမေးပွဲတွင် ဒဂုံအထက ၁ ကျောင်းသူက အမှတ်အများဆုံးဖြစ် အောင်မြင်
Donate to DVB

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသူတွေထဲမှာ ဒဂုံမြို့နယ် အထက ၁ ကျောင်းသူက ၅၅၂ မှတ်နဲ့ အများဆုံးဖြစ်ပါတယ်။

ဒုတိယအမှတ်အများဆုံးကတော့ ကမာရွတ် လေ့ကျင့်ရေးကျောင်းက ကျောင်းသူဖြစ်ပြီး အမှတ် ၅၅၀ ဖြစ်ပါတယ်။

သူတို့ဟာ သိပ္ပံဘာသာတွဲယူထားသူတွေဖြစ်ပြီး ၅၄၇ မှတ်ရသူ ၄ ယောက်ရှိတာကြောင့် သိပ္ပံတွဲ အမှတ်အများဆုံးရသူပေါင်း ၁၂ ယောက်ရှိပါတယ်။ 

ဒီထဲမှာ ရန်ကုန်ကျောင်းတွေက ၁၀ ယောက်၊ မန္တလေး ချမ်းအေးသာဇံကိုယ်ပိုင်ဘာသာရပ်သင် ကျောင်းက ၁ ယောက်နဲ့ မလှိုင်မြို့နယ်ကိုယ်ပိုင်ဘာသာရပ်သင် အထက်တန်းကျောင်းက ၁ ယောက်ပါပါတယ်။ အားလုံးဟာ ၆ ဘာသာ ဂုဏ်ထူးရသူတွေဖြစ်ပြီး ကျောင်းသူ ၈ ယောက်နဲ့ကျောင်းသား ၄ ယောက် ဖြစ်ပါတယ်။

ဝိပ္ပံဘာသာတွဲမှာတော့ ၅၁၆ မှတ်နဲ့ ဗိုလ်တထောင် အမှတ် ၅ အထက်တန်းကျောင်းသားက အမှတ်အများဆုံးဖြစ်ပြီး မြောင်းမြမြို့နယ် ကိုယ်ပိုင်ဘာသာရပ်သင်အထက်တန်းကျောင်းက ကျောင်းသားက ၅၁၂ မှတ်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။

ဒီမှာလည်း ၄၉၅ မှတ်ရသူ ၄ ယောက်ရှိတာကြောင့် ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံးရသူ ၁၁ ယောက်ရှိပါတယ်။

ဂုဏ်ထူးရသူအနေနဲ့ကတော့ ၆ ဘာသာဂုဏ်ထူး ၂ ယောက်၊ ၅ ဘာသာဂုဏ်ထူး ၆ ယောက်နဲ့ ၄ ဘာသာ ဂုဏ်ထူးရသူ ၄ ယောက်ဖြစ်ပါတယ်။

ဒီထဲမှာ ရန်ကုန်ကျောင်းတွေက ၃ ယောက်၊ မြောင်းမြ၊ မြိတ်နဲ့ မန္တလေး ကိုယ်ပိုင်ဘာသာရပ်သင် အထက်တန်းကျောင်းတို့က ကျောင်းသား ၁ ယောက်စီ၊ အင်္ဂပူ၊ ကျောက်ဖြူနဲ့ မင်းပြားမြို့နယ်ကျောင်းတွေက ၁ ယောက်စီနဲ့ ကြံခင်းနဲ့ မိတ္ထီလာက အလွတ်ဖြေသူ ၁ ယောက်စီ ဖြစ်ပါတယ်။

ဝိဇ္ဇာဘာသာတွဲမှာတော့ ကြံခင်းမြို့နယ်က ကျောင်းသားက အမှတ် ၅၂၀ နဲ့ အများဆုံးဖြစ်ပြီး ကြံခင်းက ကျောင်းသူတယောက်က ၄၉၈ မှတ်နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။

ဂုဏ်ထူးရသူအနေနဲ့ကတော့ ၆ ဘာသာဂုဏ်ထူး ၁ ယောက်၊ ၅ ဘာသာဂုဏ်ထူး ၄ ယောက်၊ ၄ ဘာသာ ဂုဏ်ထူးရသူ ၃ ယောက်နဲ့ ၃ ဘာသာ ဂုဏ်ထူးရသူ ၁ ယောက်ရှိပါတယ်။

ကြံခင်းက ၂ ယောက်၊ ဂန့်ဂေါက ၂ ယောက်၊ ဟုမ္မလင်း၊ ဟိုပင်၊ ငါးအိုး၊ ပေါက်၊ မော်လိုက်နဲ့ မိုးညှင်းမြို့နယ်တို့က ၁ ယောက်စီ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013