တက္ကသိုလ်ဝင်စာမေးပွဲတွင် ဒဂုံအထက ၁ ကျောင်းသူက အမှတ်အများဆုံးဖြစ် အောင်မြင်
DVB
·
August 9, 2020

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသူတွေထဲမှာ ဒဂုံမြို့နယ် အထက ၁ ကျောင်းသူက ၅၅၂ မှတ်နဲ့ အများဆုံးဖြစ်ပါတယ်။
ဒုတိယအမှတ်အများဆုံးကတော့ ကမာရွတ် လေ့ကျင့်ရေးကျောင်းက ကျောင်းသူဖြစ်ပြီး အမှတ် ၅၅၀ ဖြစ်ပါတယ်။
သူတို့ဟာ သိပ္ပံဘာသာတွဲယူထားသူတွေဖြစ်ပြီး ၅၄၇ မှတ်ရသူ ၄ ယောက်ရှိတာကြောင့် သိပ္ပံတွဲ အမှတ်အများဆုံးရသူပေါင်း ၁၂ ယောက်ရှိပါတယ်။
ဒီထဲမှာ ရန်ကုန်ကျောင်းတွေက ၁၀ ယောက်၊ မန္တလေး ချမ်းအေးသာဇံကိုယ်ပိုင်ဘာသာရပ်သင် ကျောင်းက ၁ ယောက်နဲ့ မလှိုင်မြို့နယ်ကိုယ်ပိုင်ဘာသာရပ်သင် အထက်တန်းကျောင်းက ၁ ယောက်ပါပါတယ်။ အားလုံးဟာ ၆ ဘာသာ ဂုဏ်ထူးရသူတွေဖြစ်ပြီး ကျောင်းသူ ၈ ယောက်နဲ့ကျောင်းသား ၄ ယောက် ဖြစ်ပါတယ်။
ဝိပ္ပံဘာသာတွဲမှာတော့ ၅၁၆ မှတ်နဲ့ ဗိုလ်တထောင် အမှတ် ၅ အထက်တန်းကျောင်းသားက အမှတ်အများဆုံးဖြစ်ပြီး မြောင်းမြမြို့နယ် ကိုယ်ပိုင်ဘာသာရပ်သင်အထက်တန်းကျောင်းက ကျောင်းသားက ၅၁၂ မှတ်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။
ဒီမှာလည်း ၄၉၅ မှတ်ရသူ ၄ ယောက်ရှိတာကြောင့် ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံးရသူ ၁၁ ယောက်ရှိပါတယ်။
ဂုဏ်ထူးရသူအနေနဲ့ကတော့ ၆ ဘာသာဂုဏ်ထူး ၂ ယောက်၊ ၅ ဘာသာဂုဏ်ထူး ၆ ယောက်နဲ့ ၄ ဘာသာ ဂုဏ်ထူးရသူ ၄ ယောက်ဖြစ်ပါတယ်။
ဒီထဲမှာ ရန်ကုန်ကျောင်းတွေက ၃ ယောက်၊ မြောင်းမြ၊ မြိတ်နဲ့ မန္တလေး ကိုယ်ပိုင်ဘာသာရပ်သင် အထက်တန်းကျောင်းတို့က ကျောင်းသား ၁ ယောက်စီ၊ အင်္ဂပူ၊ ကျောက်ဖြူနဲ့ မင်းပြားမြို့နယ်ကျောင်းတွေက ၁ ယောက်စီနဲ့ ကြံခင်းနဲ့ မိတ္ထီလာက အလွတ်ဖြေသူ ၁ ယောက်စီ ဖြစ်ပါတယ်။
ဝိဇ္ဇာဘာသာတွဲမှာတော့ ကြံခင်းမြို့နယ်က ကျောင်းသားက အမှတ် ၅၂၀ နဲ့ အများဆုံးဖြစ်ပြီး ကြံခင်းက ကျောင်းသူတယောက်က ၄၉၈ မှတ်နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။
ဂုဏ်ထူးရသူအနေနဲ့ကတော့ ၆ ဘာသာဂုဏ်ထူး ၁ ယောက်၊ ၅ ဘာသာဂုဏ်ထူး ၄ ယောက်၊ ၄ ဘာသာ ဂုဏ်ထူးရသူ ၃ ယောက်နဲ့ ၃ ဘာသာ ဂုဏ်ထူးရသူ ၁ ယောက်ရှိပါတယ်။
ကြံခင်းက ၂ ယောက်၊ ဂန့်ဂေါက ၂ ယောက်၊ ဟုမ္မလင်း၊ ဟိုပင်၊ ငါးအိုး၊ ပေါက်၊ မော်လိုက်နဲ့ မိုးညှင်းမြို့နယ်တို့က ၁ ယောက်စီ ဖြစ်ပါတယ်။