DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရန် NRPCက အကောင်အထည်မဖော်နိုင်ခဲ့ဟု ကာချုပ်ဝေဖန်
DVB
·
August 7, 2020
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရန် NRPCက အကောင်အထည်မဖော်နိုင်ခဲ့ဟု ကာချုပ်ဝေဖန်
Donate to DVB

တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ရတာ နှောင့်နှေးမှုမရှိအောင် ဆောင်ရွက်ပေးခဲ့ပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က အကောင်အထည်မဖော်နိုင်ခဲ့သလို တပ်မတော်ဘက်ကဖွဲ့ပေးခဲ့တဲ့ ညှိနှိုင်းရေးအဖွဲ့ကိုလည်း ထိထိရောက်ရောက်မသုံးနိုင်ခဲ့ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ရုရှား Politic မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဝေဖန်ပြောလိုက်ပါတယ်။ 

ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ တပ်မတော်ဘက်က အာမခံချက်ပေးခဲ့ပေမယ့် ဒီနေ့အထိ နက်ကိုင်ပဋိပက္ခတွေရှိနေတာ ညှိနှိုင်းမှုတွေ မအောင်မြင်တာတွေရဲ့ အဖြေက နက်ရှိုင်းပြီးနောက်ခံအကြောင်းတရားမျိုးစုံရှိ နေတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းကဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးတယ်လို့လည်း ပြောဆိုပါတယ်။

အစည်းဝေးခေါ်ခြင်းမခေါ်ခြင်းက အစိုးရအပိုင်းဖြစ်ပြီး တပ်မတော်ဘက်ကတော့ ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလုပ်ဆောင်နေတာရှိတယ်လို့လည်း  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းအာမခံချက်ရှိလာရင်၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းအာမခံချက်ရှိလာရင်၊ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ စိတ်ချရတဲ့ အနေအထားရောက်လာရင်ခဲ့ရင် လွှတ်တော်ထဲမှာရှိနေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ဒီမိုကရေစီစနစ်နဲ့အညီ ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်လို့ ထပ်မံပြောဆိုသွားပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲကို အပြစ်အနာအဆာကင်းတဲ့လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်သူအနေနဲ့ ကြိုးစားရဦးမှာဖြစ်တယ်လို့ ကာကွယ်ကွယ်ရေးဦးစီးချုပ်က ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရဖွဲ့တဲ့အခါ ကာကွယ်ရေးဦးစီးချုပ်ပြန်ပါလာနိုင်သလားဆိုတဲ့မေးခွန်းကိုတော့ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့တဲ့အခါ ပါဝင်လာဖို့ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံကိုကြည့်ရင် သိနိုင်တယ်လို့ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှား ကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ Victory Day of Great Patriotic War (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ဖို့ ပြီးခဲ့တဲ့ ဇွန်လက  ရုရှားနိုင်ငံကို သွားရောက်ခဲ့တာပါ။ 

ဒီခရီးစဉ်အတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားမီဒီယာတွေဖြစ်တဲ့ Arguments and Facts ၊ ZVEZDA ၊ RT ၊ Red star စတဲ့ သတင်းဌာနတွေနဲ့ Politic မဂ္ဂဇင်းတို့နဲ့ ဇွန်လ ၂၃ ရက်မှာ တွေ့ဆုံပြီး မေးမြန်းချက်တွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013