DVB Logo
Home
မြန်မာသတင်း
Digital Courage Fellowship အတွက် လူထုကောင်းကျိုးပြုသူများအား အဆိုပြုနိုင်
DVB
·
August 7, 2020
Digital Courage Fellowship အတွက် လူထုကောင်းကျိုးပြုသူများအား အဆိုပြုနိုင်
1 / 2
Donate to DVB

       မြန်မာလူ့အဖွဲ့အစည်းတွင်း ဒီဂျစ်တယ်အသိုင်းအဝိုင်းမှာ  လူထုကောင်းကျိုးပြုနေ သူတွေကို ရွေးချယ်ချီးမြှင့်မယ့် Digital Courage Fellowship အတွက် အဆိုပြုနိုင် ကြောင်း ဖက်ဒရစ်နော်မန်ဖောင်ဒေးရှင်း(FNF)က ဖိတ်ခေါ်ထားပါတယ်။

       ဒီဆုကိုတော့ အပြောင်းအလဲတခုကို တွန်းခဲ့သူတွေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖြစ် အသွင်ကူးပြောင်းရာမှာ အသိအမှတ်ပြုချီးမြှင့်ဖို့နဲ့ အခြားသူတွေအတွက် လူ့အခွင့် အရေးနဲ့ လွတ်လပ်မှုတို့အတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေကို  ချီးမြှင့်သွားမယ်လို့ သိရပါ တယ်။

       ဆုအတွက် အမည်စာရင်းတင်သွင်းတာကိုတော့ ကိုယ်တိုင်မဟုတ်ဘဲ တခြား ဘယ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမဆို ပြုလုပ်နိုင်မှာဖြစ်ကာ လိုအပ်ချက်တွေအနေနဲ့ အမည်စာရင်း တင်သွင်းခံရသူ ဟာ မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသားတွေနဲ့  ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ရမှာ ဖြစ်ကာ အဆိုပါ လူပုဂ္ဂိုလ်/အဖွဲ့အစည်းဟာ  ဒီဂျစ် တယ်အသိုင်းအဝန်းမှာ လူအများအတွက် တစုံတခုကို သတ္တိပြောင်မြောက်စွာ လုပ် ဆောင်ခဲ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမည်စာရင်းတင်သွင်းမှုတွေထဲက အကဲဖြတ်အဖွဲ့ကနေ ဆန်ကာတင် ၁၀ ယောက် ရွေးချယ်မှာဖြစ်ကာ အဲဒီထဲကမှ သတ္တိရှိမှု၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခြင်း၊ အများအတွက် စံပြဖြစ်နိုင်မှုစတဲ့ အချက်တွေပေါ် အကဲဖြတ်ဆန်းစစ်ပြီး  အနိုင်ရရှိသူကို ရွေးချယ်မှာ ဖြစ်ပါတယ်။

မိမိပတ်ဝန်းကျင်မှ အပြောင်းအလဲလုပ်ဆောင်နေသူတွေကို တစ်နိုင်ငံလုံး သိနိုင်စေဖို့အတွက် ဖော်ပြပါ https://goo.gl/6VqHN1 (google form) ကတစ်ဆင့် အဆိုတင်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ဆက်သွယ်စုံစမ်းဖို့နဲ့ အသေးစိတ်အချက်အလက်တွေ သိရှိလိုပါက အောင်သူဟိန်း ဖုန်း - ၀၉၄၂၀၁၂၂၄၉၀၊‌ ([email protected]) သန်းနိုင်အောင် ၀၉-၄၂၁၀၈၄၅၅၈ ([email protected]) သို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

       မနှစ်က ချီးမြှင့်တဲ့ Digital Courage Award 2019 ဆုကိုတော့ မြန်မာနိုင်ငံအ တွက် ဇော်ဂျီဖောင့်ကို စတင်တီထွင်ခဲ့သူ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ ဦးရဲမြတ်သူက ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013