DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များ အသက်အန္တရာယ်စိုးရိမ်ရပါက ပြန်ပို့မည်မဟုတ်ဟု မလေးရှားပြော
DVB
·
August 6, 2026
Photo: Reuters/Hasnoor Hussain
Photo: Reuters/Hasnoor Hussain
Donate to DVB

အသက်အန္တရာယ်ရှိနိုင်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေကသုံးသပ်ရင် ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မှာမဟုတ်ဘူးလို့ မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၅ ရက်မှာ ပြောတဲ့အကြောင်း AFP သတင်းမှာဖော်ပြပါတယ်။  

ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ကို မြန်မာနိုင်ငံ ပြန်ဖို့ဖို့ အစီအစဉ်ရှိတယ်လို့  မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ကြေညာအပြီး ဒီအစီအစဉ်ကို လူ့အခွင့်ရေးအဖွဲ့တွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေ ထွက်နေချိန်မှာ မလေးရှားဘက်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

မလေးရှား ဆက်သွယ်ရေးဝန်ကြီး ဖာမီဖာဇီလ်က “မလေးရှားနိုင်ငံဟာ တာဝန်သိတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ သူတို့ ဖိနှိပ်ချုပ်ချယ်ခံရမှာ ဒါမှမဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှာ ဆိုရင် ပြန်လည်ပို့ဆောင်မှာ မဟုတ်ပါဘူး”လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာရှင်အစိုးရက သူတို့ကို လက်ခံဖို့ အသင့်ဖြစ်နေပေမဲ့ ဘာမူဝါဒတွေရှိလဲ ဆိုတာကို စိစစ်သွားမှာဖြစ်ပြီး သင့်တော်တယ် ဆိုရင်တော့ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။

“သူတို့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုရင် ကျနော်တို့ ပြန်မပို့နိုင်ပါဘူး။ ဒါကြောင့် ခြားနားတဲ့ ကိစ္စရပ်တချို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက လေ့လာစိစစ်နေပါတယ်။”

ဒီအစီအစဉ်နဲ့ ပတ်သက်လို့  မြန်မာစစ်အာဏာရှင်အစိုးရ ဘက်ကတော့ လူထုသို့ တရားဝင် ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၀၀၀ ကျော်ကို လက်ခံထားရှိပြီး၊ ဒီအထဲမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၁၂၆,၀၀၀ ကျော် ပါဝင်ပါတယ်။

ကွာလာလမ်ပူရှိ UNHCR ရုံးရှေ့ စုဝေးခဲ့ကြတဲ့ ရိုဟင်ဂျာ အယောက် ၁၀၀ ကျော်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လည်ပို့ဆောင်ရေးအစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013